အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
84
လွန်ခဲ့သော ၄ လ က · စစ်ကိုင်း

ငရုတ်ပင်ရွက်သေးထိုးပီး လိပ်ထော်နေတယ်ဗျာ ကုသလို့ရပါသလား ဘယ်လိုကုရမလဲ မဖြစ်သေးတဲ့အပင်တွေဘယ်လိုကာကွယ်ရမလဲဗျာ အပင်...

ငရုတ်ပင်ရွက်သေးထိုးပီး လိပ်ထော်နေတယ်ဗျာ ကုသလို့ရပါသလား ဘယ်လိုကုရမလဲ မဖြစ်သေးတဲ့အပင်တွေဘယ်လိုကာကွယ်ရမလဲဗျာ အပင်သက်တမ်း 8လလောက်ရှိပါပီ လမ်းညွှန်ပေးကြပါဦး

ပိုးမွှားရောဂါ ငရုတ်သီး
Post image
Post image

ဖြေကြားချက် ၃ ခု

349,566 လွန်ခဲ့သော ၄ လ က

စုပ်စားပိုးတစ်မျိုးမျိုးကြောင့်ဖြစ်တဲ့ အရွက်တွန့်ဗိုင်းရပ်စ်ရောဂါ ကျရောက်နေတာပါ။ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားပြနေတဲ့ အပင်တွေကို နှုတ်ယူပြီး စိုက်ခင်းနဲ့ဝေးရာမှာ မြေမြှုပ်တာ ဒါမှမဟုတ် မီးရှို့ဖျက်ဆီးပစ်ပါ။ ပိုးမွှားတွေ ခိုအောင်းနိုင်တဲ့ ပေါင်းမြက်တွေကို စိုက်ခင်းထဲမှာ မရှိအောင်ရှင်းလင်းပါ။ အထက်ကဆရာကြီးဖြေကြားပေးသည့် ဆေးများဝယ်ယူမရပါက Acetamiprid ,Abamectin,Spinetoramပိုးသတ်ဆေးတစ်မျိုးမျိုးလည်းဖျန်းပေးနိုင်ပါတယ်။ ပိုးကို နိုင်အောင်ထိန်းချုပ်နိုင်ပြီလို့ယူဆရပါက အပင်ပြန်လည်လန်းဆန်းလာဖို့အတွက် အမိုင်နိုအက်ဆစ် (Amino Acid) ပါတဲ့ အပင်အားဆေးနဲ့ ရွက်ဖျန်းမြေသြဇာတွေကို ဖျန်းပေးနိုင်ပါတယ်။

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၄ လ က

clofenapyr+pyridaben ဖျန်းလိုက်ပါ။ကော်ရည်10စီစီထည့်ပါ။ဟိုမုန်းအားဆေးမထည့်ပါနဲ့။5ရင်ခြားပြီး2ကြိမ်ဖျန်းပါ။5ရက်ကြာရင်ထူးခြားမှုကိုကြည့်ပြီးမှ အားဆေးဖျန်းပါ။

4,010 လွန်ခဲ့သော ၄ လ က

ငရုတ်ရွက်တွန့်ဗိုင်းရပ်ရောဂါ။ ကုသလို့မရတော့ပါဘူး။ ခံနိုင်ရည်ရှိတဲ့ မျိုးပြန်စိုက်ပါ။ ယင်ဖြူမကျအောင် ဂရုစိုက်ပါ။ တောင်သူများအတွက် ငရုတ် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။