အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
242
လွန်ခဲ့သော ၄ လ က · မင်းလှ

ဒီမင်း ပေါင်းသတ်ဆေးနဲ့ပေါင်းသတ်ထားတာ အပင်ကြီးသွားလို့လားမသိ မသေလို့ ဘယ်ပေါင်းသတ်ဆေး သုံးရင်အဆင်ပြေမလဲ လမ်း...

ဒီမင်း ပေါင်းသတ်ဆေးနဲ့ပေါင်းသတ်ထားတာ အပင်ကြီးသွားလို့လားမသိ မသေလို့ ဘယ်ပေါင်းသတ်ဆေး သုံးရင်အဆင်ပြေမလဲ လမ်းညွှန်ပါအုန်းရှင့်

စိုက်ပျိုး ရေ စပါး
Post image

ဖြေကြားချက် ၇ ခု

242 လွန်ခဲ့သော ၄ လ က
242 လွန်ခဲ့သော ၄ လ က

ဘာမှ မသုံးရသေးပါဘူးရှင့်

348,957 လွန်ခဲ့သော ၄ လ က

နောက်နှစ်မှ သေချာဂရုစိုက်ပြင်ဆင်သင့်ပါတယ်၊ ပေါင်းပင်တွေဒီအချိန်မှ လူဖြင့်နှုတ်မယ်ဆိုရင် ‌ကုန်ကျစရိတ်အရမ်းများသွားပါလိမ့်မယ်။ စပါးအထွက်တိုးအောင်ကတော့ အစတည်းကဂရုစိုက်ခဲ့မှဖြစ်မှာပါ၊‌ယေဘုယျအကြံပြုရရင်တော့စပါးအနှံထွက်စုံချိန် အသီးအစေ့အဆန်အောင်ဖို့ P,Kအချိုးများအားဆေးဖျန်းပေးသင့်ပါတယ်၊အခုက စပါးကဘယ်အရွယ်ရှိနေပြီလဲဗျ၊ဘာမြေဩဇာတွေ အသုံးပြုထားပြီးပြီလဲ

242 လွန်ခဲ့သော ၄ လ က

ဟုတ်ကဲ့ ပေါင်းပင်ကိုနုတ်ပစ်ပြီး အသီးအထွက်တိုးအောင် ဘာဆေးသုံးရမလဲ အကြံပေးပါအုန်းရှင့် အခုမှ စပါးစလုပ်ရမှာမို့ပါ,

348,957 လွန်ခဲ့သော ၄ လ က

ပုံပါစပါးခင်းမှာက ပေါင်းများလွန်းပြီး အပင်ကြီးနေသည်ကို တွေ့ရပါတယ်။ပေါင်းပင်အရွယ်အစားအရမ်းကြီးသွားပါပြီခင်ဗျာ၊ စပါးစိုက်ပျိုးပြီး ၂၂ရက်မှာ ၃၀ရက် အတွင်း ဒီမင်း (2,4-D)ပေါင်းသတ်ဆေးကိုအသုံးပြုနိုင်မှ ထိရောက်မှာပါခင်ဗျာ။ ဒီမင်း (2,4-D) သည် မုန်ညင်းအုပ်စု ပေါင်းများနှင့် ရွက်ပြန့်ပေါင်းအချို့ကိုသာ သတ်နိုင်သော ဆေးအမျိုးအစားဖြစ်ပါတယ်။ ပေါင်းပင်သက်တမ်း ရင့်သွားချိန်တွင် ပေါင်းပင်မသေတော့တာမျိုးဖြစ်နိုင်ပါတယ်။လယ်ထဲတွင် ပေါင်းပင်အရမ်းကြီးပြီး ရင့်နေပါက ပေါင်းသတ်ဆေးတစ်ခုတည်းနှင့် မလုံလောက်နိုင်ပါ။ ဆေးဖျန်းပြီးနောက် မသေသော ပေါင်းပင်များကို လက်ဖြင့် နုတ်ပစ်ခြင်း (သို့မဟုတ်) ကြားပေါင်းလိုက်ခြင်း ကို ပေါင်းစပ်ဆောင်ရွက်ပေးမှသာ စပါးအထွက်နှုန်း မထိခိုက်အောင် ကာကွယ်နိုင်ပါမယ်ခင်ဗျာ။စပါးပင်ကိုမမြင်ရသည်အထိပေါင်းပင်က ဖုံးလွှမ်းနေပြီဖြစ်တာမို့ ပေါင်းပင်ကြောင့် ထိခိုက်ဆုံးရှုံးမည့် အထွက်နှုန်းက ဆုံးရှုံးပြီးဖြစ်တာမို့ အခုမှတော့ ပေါင်းသတ်ဆေးမသုံးသင့်တော့ပါဘူးခင်ဗျာ။

242 လွန်ခဲ့သော ၄ လ က

ဟုတ်ကဲ့ ကျေးဇူးပါရှင့်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

ပေါင်းသတ်ဆေးဖျန်းချိန် နောက်ကျလွန်းနေပါပြီ။ဒီ‌ေပါင်းပင်အရွယ်မှာ ဘယ်ပေါင်းသတ်ဆေးမှမရတော့ပါဘူးကွယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။