အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
152
လွန်ခဲ့သော ၄ လ က

နံသာစေ့ကို ဘယ်လို အပင်ပေါက်အောင် ပျိုးရလဲ ခင်ဗျား

စိုက်ပျိုးနည်း စက်မှုသီးနှံ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ လ က

နံ့သာဖြူပင်ကို စိုက်မြေမှာတိုက်ရိုက်အစေ့ချ​ပြီး စိုက်လို့လည်းရပေမယ့် ပျိုးပြီးမှစိုက်တာက ပိုကောင်းပါတယ်။ ပလတ်စတစ်အိတ်နဲ့ ထည့်ပျိုးကြတာများပြီး အိတ်အရွယ်မှာ( ၅" ×၆")၊ ( ၅"× ၇") ရှိ ပလတ်စတစ်အိတ်တွေကို သုံးနိုင်ပါတယ်။ ရေစိမ့်ရန်အတွက် အိတ်တွေကို အနည်းဆုံး (၄) ပေါက်ဖောက်ပေးရပါမယ်။ - ပျိုးအိတ်တွေထဲမှာ ထည့်ရမယ့် မြေအချိုးအစားကတော့ နုန်းမြေ (၂) ဆ၊ နွားချေးမြေဆွေး (၁) ဆ၊ သဲ (၁) ဆ တို့ကိုရောစပ်၍ ဇကာချပြီးမှ ထည့်ရပါမယ်။ မျိုးစေ့မထည့်ခင် ပျိုးအိတ်တွေကို ရေလောင်းပေးထားရ​ပြီး၊ ပျိုးအိတ်တစ်အိတ်ကို မျိုးစေ့ (၂) စေ့နှုန်းဖြင့် ပျိုးထောင်ပါ။ ပျိုးအိတ်တွေကို ရေနေ့စဉ်လောင်းပေးရမှာဖြစ်ပြီး ရေမများလွန်းဖို့လည်း ဂရုစိုက်ပေးရပါမယ်။ တစ်လ၊ တစ်လခွဲလောက်ဆို အပင်ပေါက်ပါတယ်။တစ်ပေခွဲ၊ နှစ်ပေအရွယ်ရှိအပင်များကို ပြောင်းရွှေ့စိုက်နိုင်ပါတယ်။ နှစ်ချင်းမစိုက်ချင်သေးပါက အိတ်အရွယ်အစား (၆"× ၈") ၊ (၈"× ၁၀") တို့မှာအိတ်ပြောင်းပြီး တစ်နှစ်ဆက်ထားနိုင်ပါတယ်။ အမှီပင်လိုအပ်တဲ့ နံ့သာဖြူပင်စိုက်ပျိုးနည်း

348,957 လွန်ခဲ့သော ၄ လ က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အဖြူရောင်ကြံပင်လေးတွေ စိုက်ခင်းထဲမှာ ဟိုနားတပင်ဒီနားတပင်တွေ့နေရပါတယ်၊ဘာကြောင့်လဲ၊ဘယ်လိုပြုပြင်ရမလဲခမျာ

ဖြေကြားချက် 1 ခု

ဆရာကြီးများ ​ကော်​ဖီစိုက်​နည်​း​လေးတင်​ပြ​ပေးပါဦး စာအုပ်​စင်​ထဲမှာလဲ အ​ခြောက်​လှမ်​းနည်​းဘဲ​တွေ့တယ်

ဖြေကြားချက် 1 ခု

သထုံ အနီးတွင် ကော်ဖီစိုက်ချင်ပါတယ်။ နေရာသင့်မသင့် ကော်ဖီစေ့ ဘယ်အမျိုးစားစိုက်သင့်ဘာလဲ သိချင်ပါတယ်။

ဖြေကြားချက် 1 ခု

အရပ်​ အ​ခေါ် ​ဆေးကုလားမ ဟုသာ သိပါသည်​ မည်​သို့စိုက်​ပျိုး ရသည်​ နှင်​့စိုက်​ပျိုးရမရ သိလိုပါသည်​ အကိုအမတို့ခင်...

ဖြေကြားချက် 1 ခု

လျှော်ဖြူ စိုက်ပျိုး နည်းအဆင့်ဆင့်နဲ့ ရှောင်ရန် စောင်ရန်များ အကျဉ်းမျှသိချင်ပါတယ်

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။