အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
242
လွန်ခဲ့သော ၄ လ က · ချမ်းအေးသာဇံ

ကုလားအော်ပင်နဲ့ခရမ်းချဥ်ပင်တေရွက်စိပ်ထိုးပြီးနူနေပါတယ်ဘယ်လိုကာကွယ်ရမလဲဆရာ

ပိုးမွှားရောဂါ ငရုတ်သီး

ဖြေကြားချက် ၂ ခု

349,566 လွန်ခဲ့သော ၄ လ က

တောင်သူ‌၏မေးခွန်းအရခရမ်းချဥ်နဲ့ ငရုတ်မှာစုပ်စားပိုးမနိုင်လို့ဖြစ်တာပါ။ ခရမ်းချဥ်နဲ့ ငရုတ်မှာ စုပ်စားပိုးတွေ ဆေးယဉ်ပါးမှု မဖြစ်အောင် အခုလို ဆေးအုပ်စု ပြောင်းဖျန်းပေးပါဗျာ။ ယင်ဖြူနဲ့ လှေးအတွက် - အဆီတာမီပရစ် (Acetamiprid) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) ပင်လုံးပြန့်ဆေး ဖျန်းပါ။ မွှားပိုးအတွက် - အာဗာမက်တင် (Abamectin) သို့မဟုတ် စပိုင်ရိုမီဆီဖင် (Spiromesifen) မွှားဆေးသီးသန့် ပြောင်းဖျန်းပေးပါ။ စုပ်စားပိုးတွေက အရွက်အောက်မှာ ခိုအောင်းတာမို့ အရွက်အောက်မျက်နှာပြင် မိအောင် ဖျန်းပေးပါ။ ဆေးစွဲကပ်ပျံ့နှံ့ ဆေးရည် မဖြစ်မနေ ထည့်ပါ။ စိုက်ခင်းထဲမှာ အဝါရောင်ကတ်ပြား ကော်သုတ်ထောင်ထားရင် ယင်ဖြူနဲ့ လှေးတွေ အမြောက်အမြား သေစေနိုင်ပါတယ်။ပိုးအလွန်ကျနေတဲ့ ရွက်လိပ်တွေကို ဆွတ်ခူးပြီး စိုက်ခင်းပြင်ပ အဝေးမှာ မီးရှို့ဖျက်ဆီးပေးပါဦးဗျ။

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၄ လ က

ယင်ဖူ၊လှေး၊မွှား စုပ်စားပိုးမလာနိုင်အောင် pyridaben+abamectin ဖျန်းပါ။အစာ/မြေဩဇာ ကျွေးပါ။ဟိုမုန်းမဖျန်းပါနဲ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။