အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
44
လွန်ခဲ့သော ၄ လ က · စစ်ကိုင်း

ဒီနှစ် ဝါဆို ဝါခေါင်မှာ နောက်နှမ်း နှမ်းနက်ပြာ စိုက်လို့အဆင်ပြေမလားဗျ ရေဝင်တောမဟုတ်ပါဘူးဗျ

စိုက်ပျိုးစီးပွား နှမ်း

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၄ လ က

ဒီနှစ် ဝါခေါင်လထဲမှာ နှမ်းနက်/နှမ်းဖြူ စိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်ဗျ။ ရေဆင်းမျိုး မဟုတ်ရင်လည်း မိမိဒေသနဲ့ ကိုက်ညီတဲ့ ဒေသမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးလို့ ရပါတယ်။ဒါပေမဲ့ ဝါခေါင်လက မိုးများတတ်တဲ့ ရာသီဖြစ်လို့နှမ်းက ရေဝပ်ဒဏ် လုံးဝမခံနိုင်လို့ ရေမဝပ်အောင် မြောင်းဖော်တာ ဒါမှမဟုတ် ဘောင်စနစ်နဲ့ စိုက်ပျိုးပေးပါ။မိုးရာသီမှာ ပင်ခြေပုပ်တာနဲ့ မှိုရောဂါတွေ အဖြစ်များတတ်လို့ မစိုက်ခင် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ စနစ်တကျ လူးနယ်ပြီးမှ စိုက်ပါ။မျိုးစေ့ချခါစနဲ့ အပင်ပေါက်ခါစမှာ မိုးသည်းထန်စွာ ရွာသွန်းရင် အပင်သေတတ်လို့ မိုးလေဝသအခြေအနေကို ကြည့်ပြီး စိုက်ပျိုးပါဗျ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

ဖျောက်ဆိပ်ကြည်လွဲ၊နှမ်းကြီးကြဲ။တဲ့။ကြယ်လဲမိုးနဲ့ နှမ်းကြဲလို့ရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။