အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
683
လွန်ခဲ့သော ၄ လ က · မိတ္ထီလာ

ထရိုင်ကိုဒါးမားကိုမျိုးစေ့နဲ့ရောမွှေပြီးစိုက်သင့်သလား မစိုက်ခင်မြေကြီးထဲကိုထရိုဂိုဒါးမားအရင်ထည့်သင့်လား ဒါမှမ...

ထရိုင်ကိုဒါးမားကိုမျိုးစေ့နဲ့ရောမွှေပြီးစိုက်သင့်သလား မစိုက်ခင်မြေကြီးထဲကိုထရိုဂိုဒါးမားအရင်ထည့်သင့်လား ဒါမှမဟုတ်နှစ်မျိုးလုံးလုပ်သင့်သလဲ ထရိုင်ကိုဒါးမားကိုမြေကြီးထဲထည့်မယ်ဆိုရင်ထည့်ပြီးနှမ်းတန်းစိုက်လို့ရလားဗျ

မြေဆီလွှာ နှမ်း
4

ဖြေကြားချက် ၄ ခု

683 လွန်ခဲ့သော ၄ လ က

ထထရိုင်ဂိုဒါးမားထည့်ပြီးရင်ပေါင်းသတ်ဆေးတန်ဖျန်းလို့ရလားဗျ

683 လွန်ခဲ့သော ၄ လ က

မိုးရေရတဲ့ချိန်လေးဘဲစိုက်ရတာမို့ချက်ချင်းစိုက်လို့မရဘူးလား၇ရက်လောက်ထားမှရမှာလားဗျ

348,307 လွန်ခဲ့သော ၄ လ က

နှမ်းစိုက်ပျိုးရာမှာ ထရိုင်ကိုဒါးမား (Trichoderma) ကို အသုံးပြုတာ ရောဂါကာကွယ်ဖို့ အလွန်ထိရောက်တဲ့ နည်းလမ်းကောင်းပါဗျာ။ မျိုးစေ့နဲ့ ရောမွှေစိုက်ပျိုးဖို့က စိုက်ခါနီးမှာ နှမ်းမျိုးစေ့ကို ထရိုင်ကိုဒါးမားနဲ့ သမအောင် လူးနယ်စိုက်ပျိုးတာက အထိရောက်ဆုံးပါ။ မြေထဲထည့်ဖို့နဲ့ မျိုးစေ့လူးနယ်ဖို့ ဆိုရင် နှစ်မျိုးလုံးလုပ်ပေးရင် အကောင်းဆုံးပါပဲဗျ။ ထရိုင်ကိုဒါးမားကို နွားချေးဆွေး (သို့) သဘာဝမြေဩဇာနဲ့ ရောစပ်ပြီး မြေခံအဖြစ် ထည့်ပေးရင် မြေကြီးထဲက ရောဂါပိုးတွေကို ကြိုတင်နှိမ်နင်းပေးနိုင်ပါတယ်။မြေထဲကို ထရိုင်ကိုဒါးမား ထည့်ပြီးရင် ချက်ချင်းမစိုက်ဘဲ အနည်းဆုံး ၇ ရက် ကနေ ၁၀ ရက်ခန့် ကြိုတင်ထည့်ထားရပါမယ်။ ဒါမှ မှိုမျှင်တွေ မြေဆီလွှာထဲ ပွားများပြီး အလုပ်လုပ်နိုင်မှာပါ။ မြေကြီးထဲမှာ အစိုဓာတ်ရှိနေဖို့လည်း လိုအပ်ပါတယ်ဗျာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

၂မျိုးလုံးလုပ်နိုင်ရင် ပိုပြီးsafeဖြစ်နိုင်ပါတယ်။ဆိုးကျိုးမရှိပါဘူး။။ နှမ်း တန်းစိုက်လို့ရပါတယ်။မြေကြီး အစိုဓာတ်လေးရှိဖို့လိုမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။