အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,589
လွန်ခဲ့သော ၄ လ က · မင်းတုန်း

ကျတော်တစ်ခုမေးချင်ပါတယ်အင်းလေးဒေသကရေပေါ်မှာ၂ပေ၃ပေလောက်ပဲရှိသီးနံပင်တွေကအမြစ်ကရေထဲထိရာက်တယ်ဘာကြောင့်အပင်အမြစ်...

ကျတော်တစ်ခုမေးချင်ပါတယ်အင်းလေးဒေသကရေပေါ်မှာ၂ပေ၃ပေလောက်ပဲရှိသီးနံပင်တွေကအမြစ်ကရေထဲထိရာက်တယ်ဘာကြောင့်အပင်အမြစ်စိပ့်မကိုင်တာလဲကျတော်တိုဘက်ကြရေနဲ့အဲလောက်နီးရင်မရဘူး😊

စိုက်ပျိုးနည်း ခရမ်းချဉ်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ လ က

အဖြေအပြည့်အစုံကို ဆောင်းပါးအနေနဲ့ ရေးထးပါတယ်ဗျ။ အင်းလေး ကျွန်းမျောပေါ်မှာ စိုက်တဲ့အပင်တွေက ဘာလို့ စိမ့်မကိုင်တာလဲ?

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ လ က

အဓိက မတူတဲ့အချက် ၃ ခုရှိတယ်ဗျ။ ပထမ ကျွန်းမျောက ရေပေါ်မှာရှိနေပေမယ့် မြေကြီးလို သိပ်သည်းကျစ်လစ်နေတာမဟုတ်ဘဲ ပွပြီး လေဝင်လေထွက်ကောင်းတယ်။ ဒါက ကျွန်တော်တို့ ထင်သလို ရေထဲမှာ အပင်အမြစ်က မြုပ်နေတာမဟုတ်ဘူး။ ရေကလည်း အငြိမ်မဟုတ်တော့ လက်ဆတ်နေတာမို့ ပျော်ဝင်အောက်ဆီဂျင်ပြည့်ဝနေတယ် (မြေမဲ့စိုက်ပျိုးနည်းသဘော)။ နောက် ရှမ်းပြည်ရာသီဥတုက အေးတာကလည်း အားသာချက်ဖြစ်စေတယ်။ ကုန်းပေါ်ကမြေကြီးမှာ ရေဝပ်တာ စိမ့်ကိုင်လိုက်တာနဲ့ မြေကြီးထဲမှာ လေမရှိတော့ဘဲ အပင်အမြစ်က အသက်ရှုကြပ်သွားတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။