ဒီအစက်ကဘာလဲ ဘယ်လိုကုရမလဲ
ဂန္ဓမာပန်းမှာ ရွက်စက်ပြောက်ရောဂါ (သို့မဟုတ်) ရွက်ခြောက်မှိုရောဂါ ကျရောက်နေတာ ဖြစ်ပါတယ်ခင်ဗျာ။ အရွက်ပေါ်မှာ အစက်အပြောက်တွေဖြစ်ပြီး ရောဂါရင့်လာရင် အရွက်တွေခြောက်ပြီး ကြွေကျတတ်ပါတယ်။ကာဘင်ဒါဇင် (Carbendazim)၊ မန်ကိုဇက် (Mancozeb) သို့မဟုတ် အာဇိုဆီစထရိုဘင် (Azoxystrobin) ပါဝင်တဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးရပါမယ်။ (ဥပမာ - မြန်မာ့ဩဘာကထုတ်တဲ့ ဩဘာစွယ်စုံ သို့မဟုတ် နီဗိုစူပါ စတဲ့ဆေးတွေကို အသုံးပြုနိုင်ပါတယ်)အရွက်အပေါ်ရော အောက်ပါ နှံ့စပ်အောင် (၇) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်ခန့် ဖျန်းပေးပါ။ရောဂါရနေတဲ့ အရွက်တွေကို ဆွတ်ခူးပြီး စိုက်ခင်းနဲ့ဝေးရာမှာ မီးရှို့ဖျက်ဆီးပါ (သို့မဟုတ်) မြေမြှုပ်ပါ။ရေလောင်းတဲ့အခါ အရွက်တွေကို မစိုစေဘဲ အပင်ခြေကိုပဲ လောင်းပေးပါ။လေဝင်လေထွက်နဲ့ နေရောင်ခြည် ကောင်းကောင်းရအောင် အပင်အောက်ခြေက ကိုင်းစိပ်၊ ရွက်အိုတွေကို ဖယ်ရှားပေးပါ။
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်း ယင်းဖြူများနေလို့ ယင်ဖြူဆေးလေး ညွှန်းပေးအုံး ဆရာတို့
ဖြေကြားချက် 1 ခု
ဆမ်းမားဖြူ ရွက်ပြောက်လား ရွက်ခြောက်လား ဘာမှိုးသတ်ဆေးဖျနိးရမလဲဗျ
ဖြေကြားချက် 1 ခု
ဒီအကောင်တွေ တွေ့ရလို့ ဘာဆေးဖြန်းရမလဲဗျ
ဖြေကြားချက် 2 ခု
အမြစ်ထွက်ဆေး သုံးချင်လို့ပါ ကိုင်းကူးတဲ့အခါ သံပုရာပင်ပါ ဘာဆေးသုံးရမလဲဖြေကြားပေးပါဉီး။
ဖြေကြားချက် 2 ခု
ဘာပိုးလဲဗျာ ဘာဆေးသုံးရမလဲ ဆန်းမားဖြူစိုက်ခင်းကပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။