နှမ်းစိုက်ပြီးဘယ်နှစ်ရက်သားလောက်မှာ ပေါင်းထိုးသင့်လဲသိချင်ပါတယ်ဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
၁၅ရက်သား အရွယ်၊ပထမအကြိမ်သားခွဲ ပေါင်းရှင်း ပြုလုပ်ပါ။
နှမ်းစိုက်ခင်းတွင် ပေါင်းမြက်လိုက်ခြင်း (ပေါင်းနုတ်ခြင်း) ကို နှမ်းစိုက်ပြီး သို့မဟုတ် အပင်ပေါက်ပြီးနောက် ရက်ပေါင်း ၂၀ မှ ၃၀ ရက်အတွင်း အပြီးဆောင်ရွက်ရပါမယ်။ နှမ်းပင်ငယ်စဉ်ကာလသည် ပေါင်းမြက်များကို ယှဉ်ပြိုင်နိုင်စွမ်း အလွန်နည်းပါးသောကြောင့် ဤအချိန်အတွင်း စိုက်ခင်းကို ပေါင်းမြက်ကင်းစင်အောင် ထားရှိရန် အထူးအရေးကြီးပါတယ်။ စိုက်ပြီး ၁၄ ရက်မှ ၂၀ ရက်သားတွင် ပထမအကြိမ် အပင်မှုန်းခြင်းနှင့်အတူ လက်ပေါင်းလိုက်ခြင်းကို တွဲဖက်လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ရက် ၂၀ မှ ၄၀ အတွင်းတွင် လေးသွားထွန်ဖြင့် ကြားတိုက်ပေးခြင်း သို့မဟုတ် ပေါက်ပြားဖြင့် ကြားပေါင်းလိုက်ခြင်းကို ပြုလုပ်ပေးရပါမယ်။ နှမ်းပင်သက်တမ်း ရက် ၃၀ ကျော်၍ အဖူးအပွင့်ဝင်လာချိန်တွင် ပေါင်းလိုက်ခြင်းက အမြစ်ကို ထိခိုက်စေနိုင်သဖြင့် မလိုအပ်တော့ပါ။
ဆက်စပ်မေးခွန်းများ
ယခု ပုံပါ အရွက် ထိပ်နာတာကို ဘယ်လို ကုရမယ်ဆို တာ သိချင်လို့ပါ
ဖြေကြားချက် 0 ခု
အဲ့အထူးတွဲထဲမှာပါတဲ့ဆေးတွေမှာနှမ်း မပါပဲဝါကြံ ပဲမျိုးစုံလို့ရေးထားတာရယ် နောက် ၁၆လီတာဝင်ဆေးပုံးမှာ၂၅စီစီထည့်...
ဖြေကြားချက် 2 ခု
နှမါးစိုက်ပြီးပေါင်းသတ်ဆေးကိုpendinသုံးသင့်လားs-metolachorသုံးသင့်လားဗျ
ဖြေကြားချက် 4 ခု
မိုးကြိုနှမ်းခင်း စမုံနက် ၅၀ရက်သားရှိပါပြီ။ရေလဲအငတ်မခံပါပဲ ပွင့်ခြောက်တွေကပ်နေလို့ပါ။ဘာကြောင့်လဲဗျ။
ဖြေကြားချက် 3 ခု
နှမ်းပင်ပေါက်ပီးသားကို ပြန်ခွဲချင်လို့နည်းလေးပြောပြပါအူးဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။