ဖြေကြားချက် ၃ ခု
လှေးကျလို့ဖြစ်လိမ့်မယ်။အပွင့်ထဲ သေချာကြည့်ပါ။
မှိုရောဂါမရှိပါဘူး။မြေတွင်းအစိုဓါတ်များတာဖြစ်မယ်ဗျ။ပိုတက်အားဆေးလဲပက်ထားပါတယ်။ခုထိတော့ကပ်နေမြဲပါပဲ။
နှမ်းပင် သက်တမ်း ရက် (၅၀) သား (ပန်းပွင့်ချိန်) တွင် ရေမဝပ်ဘဲ ပွင့်ခြောက်များ ကပ်နေရခြင်းမှာ ပြီးခဲ့သော ရက်ပိုင်းက မိုးများခြင်း သို့မဟုတ် ရေသွင်းခြင်းကြောင့် မြေအောက်အစိုဓာတ် လွန်ကဲပြီး အမြစ်ပုပ်/ပင်စည်ပုပ်မှိုရောဂါ (Root & Stem Rot) ဝင်ရောက်သွားခြင်း သို့မဟုတ် မြေကြီးထဲ လေဝင်လေထွက် ပိတ်ဆို့ကာ အမြစ်များ အသက်ရှူကျပ်သွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက အပင်သည် အောက်ကရေနှင့် အာဟာရကို အပေါ်သို့ မတင်ပို့နိုင်တော့ဘဲ အဖူးအပွင့်များ ညှိုးခြောက်ကုန်တတ်ပါတယ်။ ကုသရန်အတွက် အပင်ခြေကို စစ်ဆေးပြီး ကာဗင်ဒါဇင် သို့မဟုတ် မန်ကိုဇက် မှိုသတ်ဆေး ဖျန်းပေးခြင်း၊ ရေနုတ်မြောင်းအမြန်ဖော်ခြင်းနှင့် ပိုတက်စီယမ်၊ ဘိုရွန်ပါသော ရွက်ဖျန်းအားဆေးများ ကျွေးခြင်းဖြင့် အပင်ကို ပြန်လည်ပြုစုရပါမယ်ခင်ဗျာ။ပန်းပွင့်ထဲမှာ စုပ်စားပိုးများရှိမရှိစစ်ဆေးကြည့်ပါဦးခင်ဗျာ။
ဆက်စပ်မေးခွန်းများ
နှမ်းစိုက်ပြီးဘယ်နှစ်ရက်သားလောက်မှာ ပေါင်းထိုးသင့်လဲသိချင်ပါတယ်ဗျ
ဖြေကြားချက် 2 ခု
ယခု ပုံပါ အရွက် ထိပ်နာတာကို ဘယ်လို ကုရမယ်ဆို တာ သိချင်လို့ပါ
ဖြေကြားချက် 0 ခု
အဲ့အထူးတွဲထဲမှာပါတဲ့ဆေးတွေမှာနှမ်း မပါပဲဝါကြံ ပဲမျိုးစုံလို့ရေးထားတာရယ် နောက် ၁၆လီတာဝင်ဆေးပုံးမှာ၂၅စီစီထည့်...
ဖြေကြားချက် 2 ခု
နှမ်းပင်ပေါက်ပီးသားကို ပြန်ခွဲချင်လို့နည်းလေးပြောပြပါအူးဗျ
ဖြေကြားချက် 2 ခု
နှမ်း စမုံနက် စျေးကွက် အခြေနေနဲ့ ရှေ့အလား အလာ ဘယ်လိုရှိနိုင်လဲ သိသူများ သုံးသပ်ပေးပါအူးခင်ဗျာ
ဖြေကြားချက် 3 ခု