အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
355
လွန်ခဲ့သော ၃ လ က

trichoderma+Bicillus +Rhizobium သုံးမျိုး လူးနယ်ထားတဲ့မျိုးစေ့ပါရှင့်။ မိုးရွာလို့ စိုက်ရက် တစ်ရက်ကျော်သွားပါ...

trichoderma+Bicillus +Rhizobium သုံးမျိုး လူးနယ်ထားတဲ့မျိုးစေ့ပါရှင့်။ မိုးရွာလို့ စိုက်ရက် တစ်ရက်ကျော်သွားပါတယ်။ ဆက်စိုက်လို့အဆင်ပြေမလားရှင့်

စိုက်ပျိုးနည်း ပဲပုပ်
Post image

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

Trichoderma၊ Bacillus နှင့် Rhizobium တို့ လူးနယ်ထားသော ပဲပုပ်မျိုးစေ့များကို မိုးရွာသွန်းမှုကြောင့် တစ်ရက်ကျော် နောက်ကျသွားသော်လည်း ဆက်လက်စိုက်ပျိုးရန် အဆင်ပြေပါတယ်။ သို့သော် မျိုးစေ့များ အစိုဓာတ်လွန်ကဲပြီး ပွလာခြင်း၊ အခွံကွဲခြင်း သို့မဟုတ် အဖူးထွက်ခြင်း ရှိ၊ မရှိ အရင်စစ်ဆေးရန် လိုအပ်ပါသည်။ စိုက်ပျိုးခါနီးတွင် လေဝင်လေထွက်ကောင်းသော အရိပ်အောက်၌ လေထုတ်သုတ်လှန်းပေးရမည်ဖြစ်ပြီး၊ ရွှံ့စေးဆန်လွန်းသော မြေအနေအထားတွင် စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ရပါမည်။ ထို့ပြင် စိုက်ရက်နောက်ကျခြင်းကြောင့် အမြစ်ဖုဘက်တီးရီးယား (Rhizobium) များ စွမ်းရည်ကျဆင်းသွားနိုင်သဖြင့် မျိုးစေ့မစိုက်မီ Rhizobium ကို တစ်ကြိမ် ထပ်မံလူးနယ်ပေးနိုင်မယ်ဆိုလျှင် အကောင်းဆုံးဖြစ်ပါတယ်။ဒီတိုင်းစိုကိပျိုးမယ်ဆိုလည်းရပါတယ်ခင်ဗျာ။

355 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။