အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
355
လွန်ခဲ့သော ၂ လ က

တမာရွက်ကို နုတ်နုတ်စင်းပြီး ရေ 42လီတာနဲ့ ကာဘော်လစ်အရည် ရေဖလား နှစ်လုံးစာ ရောပြီး 14ကြာ တမာပိုးသတ်ဆေးလုပ်ထားတာ...

တမာရွက်ကို နုတ်နုတ်စင်းပြီး ရေ 42လီတာနဲ့ ကာဘော်လစ်အရည် ရေဖလား နှစ်လုံးစာ ရောပြီး 14ကြာ တမာပိုးသတ်ဆေးလုပ်ထားတာ ပန်းပွင့်နေတဲ့ ပဲပုပ်ခင်းအတွက် ဆေးအနေနဲ့သုံးလို့ရလားရှင့်။

ပိုးမွှားရောဂါ ပဲပုပ်
3

ဖြေကြားချက် ၃ ခု

348,957 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ပဲပုပ်ခင်းအတွက် ဘေးကင်းပြီး မှန်ကန်သော တမာပိုးသတ်ဆေး ပြုလုပ်ရန်အတွက် တမာရွက်အစို ၂၀ ကျပ်သား (၅၀၀ ဂရမ်ခန့်) ကို ညက်နေအောင် ထုထောင်းကြိတ်ချေပြီး၊ ရေ (၁) လီတာခန့်ဖြင့် ရောစပ်ကာ တစ်ညအိပ် (၁၂ နာရီမှ ၂၄ နာရီ) မျှသာ စိမ်ထားရပါမယ်။ နောက်တစ်နေ့တွင် အဝတ်ပါးဖြင့် သေချာစွာ စစ်ယူပြီးရရှိလာသော ဆေးရည်ပျစ်ကို ဆေးကပ်ရည်အဖြစ် ဆပ်ပြာရည် ၁ ဇွန်း နှင့် သမအောင်မွှေပေးပါ။ ထို့နောက် (၄) ဂါလံဆံ့ ဆေးဖျန်းပုံးထဲသို့ ထည့်ကာ ရေအပြည့်ဖြည့် ၍ သမအောင်မွှေပြီးလျှင် ပဲပုပ်ခင်းအတွက် အသင့်သုံး သဘာဝပိုးနှင်ဆေးရည်ကို ရရှိပါပြီခင်ဗျာ။

355 လွန်ခဲ့သော ၂ လ က

ကျေးဇူးပါ ရှင့်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ လ က

ဆေးဖျန်းပုံးတပုံးကို ဆေးရည်တလီတာလောက် ထည့်ဖျန်းပါ။ ရေမရောပဲဖျန်းရင်၊ အပင်လောင်နိုင်ပါတယ်။တမာ,ထက်၊ဆပ်ပြာရည် က၊နုန်းထားများရင်၊နေပူရင် အပင်အတွက်ထိခိုက်နိုင်လို့ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။