အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kyaw Zin
Kyaw Zin 15
လွန်ခဲ့သော ၅ လ က · ဝါးခယ်မ

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 456,768 လွန်ခဲ့သော ၅ လ က

မိုးရာသီတွင် စပါးခင်းများ၌ ရွှေခရုဖျက်ဆီးမှုဒဏ်မှ ကာကွယ်ရန် နည်းလမ်းမျိုးစုံကို ပေါင်းစပ်အသုံးပြုရပါမည်။ မြေပြင်ချိန်တွင် ရွှေခရုနှင့် ၎င်းတို့၏ ပန်းရောင်ဥစုများကို ရှာဖွေကောက်ယူဖျက်ဆီးခြင်း၊ ရေသွင်းမြောင်းဝများတွင် ဇကာခံ၍ တားဆီးခြင်းနှင့် စိုက်ခင်းအတွင်း ရေအနက်ကို (၃) စင်တီမီတာဝန်းကျင်သာ ထားရှိခြင်းဖြင့် ခရုများ လှုပ်ရှားမှုကို လျှော့ချနိုင်ပါသည်။ ထို့ပြင် သင်္ဘောရွက်၊ ကန်စွန်းရွက်များ ချထား၍ ခရုများကို စုဆောင်းဖျက်ဆီးခြင်း သို့မဟုတ် မြေပြင်ချိန်တွင် ဘဲလွှတ်ကျောင်းခြင်း စသည့် သဘာဝနည်းလမ်းများကို သုံးနိုင်ပြီး၊ ဖျက်ဆီးမှု အလွန်ပြင်းထန်ပါက မိတ်တဲလ်ဒီဟိုက် (Metaldehyde) ကဲ့သို့သော ခရုသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းကာကွယ်ရပါမည်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,194 လွန်ခဲ့သော ၅ လ က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့်...

ဖြေကြားချက် 1 ခု

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်...

ဖြေကြားချက် 1 ခု

စပါးက အခြောက်ကြဲရမလား စိုက်ရမလားဝေခွဲမရနေလို့အကြံလေးပေးပါဦး ပေါင်းတွေအရမ်းပေါက်လို့ပါ

ဖြေကြားချက် 7 ခု

မဂ်လာပါရှင့်လယ်တွေမှာပေါက်လေ့ရှိတဲ့ဒေသအခေါ်မြက်ကလုံးပင်တွေကိုဘယ်လိုဆေးမျိုးဖျန်းလို့ရလဲရှင့်မြေဩဇာဆိုရင်ဘယ်လို...

ဖြေကြားချက် 3 ခု

အစေ့ချစိုက်ဘယ်ရက်သားလောက်မှရွေးချက်ပေါင်းသတ်ဆေးဖြန်းသင့်သလဲသိချင်ပါတယ်ဆရာ

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။