အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
352
လွန်ခဲ့သော ၃ လ က · ကျောင်းကုန်း

အစေ့ချစိုက်ဘယ်ရက်သားလောက်မှရွေးချက်ပေါင်းသတ်ဆေးဖြန်းသင့်သလဲသိချင်ပါတယ်ဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၃ လ က

စပါးသက်တမ်း ၁၇ ရက်သားသည် အပင်ပေါက်ပြီးမှဖျန်းရသည့် ပေါင်းသတ်ဆေး သုံးစွဲရန် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ လယ်ကွက်အတွင်းရှိ ပေါင်းမြက်အမျိုးအစားပေါ် မူတည်၍ ဆိုင်ဟာလိုဖော့ပ်-ဗျူတိုင်း(Cyhalofop-butyl) (မြက်အုပ်စုအတွက်) သို့မဟုတ် ဘစ်စပိုင်ရီဘက်-ဆိုဒီယမ် Bispyribac-sodium (မြက်/ရွက်ပြန့်/မုံညင်းအုပ်စုအတွက်) ပါဝင်သော ဆေးများကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ ဆေးမဖျန်းမီ လယ်ကွက်အတွင်းမှ ရေကို ကုန်စင်အောင် ထုတ်ရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီး ၂ ရက်ခန့်အကြာမှ ရေပြန်သွင်းရပါမည်။ လက်ရှိ ရာသီဥတုအုံ့မှိုင်းနေသဖြင့် မိုးဒဏ်ခံနိုင်ရန် ပေါင်းသတ်ဆေးနှင့်အတူ တွယ်ကပ်ဆေး ကိုပါ ရောစပ်ဖျန်းပေးသင့်ပြီး ဆေးဖျန်းပြီး/မဖျန်းမီ ၇ ရက်အတွင်း ဓာတ်မြေသြဇာကျွေးခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါရှင့်လယ်တွေမှာပေါက်လေ့ရှိတဲ့ဒေသအခေါ်မြက်ကလုံးပင်တွေကိုဘယ်လိုဆေးမျိုးဖျန်းလို့ရလဲရှင့်မြေဩဇာဆိုရင်ဘယ်လို...

ဖြေကြားချက် 3 ခု

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

ဖြေကြားချက် 2 ခု

နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့်...

ဖြေကြားချက် 1 ခု

စပါး နိုက်ထရိုဂျင်ကျွေးတဲ့အခါတစ်ဧကဘယ်လောက်ကျွေးရမလဲ ဘယ်လိုကျွေးရမလဲ သိချင်ပါတယ်ရှင်ပြပေးပါဦဆရာ

ဖြေကြားချက် 1 ခု

နိုက်ထရိုဂျင်ကျွေးတဲ့အခါ သဘဝမြေသြဇာဖြစ်တဲ့ နွားချေး သစ်ဆွေး မြေးဆွေး ကြက်ချေးတို့နဲ့ဆတူရောပြီးကျွေးရင်အဆင်ပြေ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။