အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
26
လွန်ခဲ့သော ၃ လ က · စဉ့်ကူး

မာလကာ မျိုးစေ့ကိုဘယ်လို့ယူပီ စိုက်ပျိုးရလဲ အသီမှာပိုးမကျအောင်ဘယ်လိုဆောင်ရွက်ပေးရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ခေတ်သစ်စိုက်ပျိုးရေး မာလကာ

ဖြေကြားချက် ၁ ခု

349,565 လွန်ခဲ့သော ၃ လ က

မာလကာသီးကို မျိုးစေ့မှ စိုက်ပျိုးလိုပါက ရောဂါကင်းသော အသီးမှ အစေ့ကို ထုတ်ယူကာ ရေစင်အောင်ဆေးပြီးနောက် အခွံပျော့၍ အပင်ပေါက်မြန်စေရန် ရေနွေးနွေး‌တွင် ၂၄ နာရီမှ ၄၈ နာရီအထိ စိမ်ပေးရပါမည်။ ထို့နောက် နှုန်းမြေ၊ သဲ၊ သဘာဝမြေဆွေး ရောစပ်ထားသော ပျိုးအိုးတွင် ၀.၅ လက်မအနက်၌ စိုက်ပျိုးပြီး အစိုဓာတ်မှန်အောင် ထိန်းထားပါက အပင်ပေါက်လာပါမည်။ အသီးများအတွင်း သီးထိုးယင်ကြောင့် ပိုးလောက်ကောင်မကျစေရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ အသီးများ ဆီးသီးကင်းအရွယ် ရောက်သည်နှင့် ပလတ်စတစ်အိတ် (အောက်ခြေအပေါက်ပါသော) ဖြင့် စနစ်တကျ စွပ်ပေးခြင်း ဖြစ်သည်။ ထို့အပြင် ခြံထဲတွင် ကြွေကျနေသော အသီးပုပ်များကို ကောက်ယူဖျက်ဆီးခြင်းနှင့် သီးထိုးယင်ထောင်ချောက်များ ဆင်ပေးခြင်းဖြင့်လည်း ပိုးမကျအောင် ကာကွယ်နိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။