အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
48
လွန်ခဲ့သော ၃ ပတ် က · စဉ့်ကူး

မာလကာပင်က အသီးလဲသီးပါတယ်အရွက်တွေကဝါနေလို့ဘာလုပ်ပေးရမလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
အပင်အာဟာရ မာလကာ
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

349,565 လွန်ခဲ့သော ၃ ပတ် က

ပုံပါ မာလကာပင်တွင် အရွက်များ နီမြန်းပြီး ဝါကြင်ကြင် ဖြစ်နေသည့် လက္ခဏာမှာ အဓိကအားဖြင့် အာဟာရဓာတ် ချို့တဲ့ခြင်း ကြောင့် ဖြစ်တာပါ။ အပင်များတွင် ဖော့စဖရပ် (Phosphorus) ဓာတ် မလုံလောက်ပါက အရွက်ဟောင်းများမှာ ခရမ်းရောင် သို့မဟုတ် နီညိုရောင်သို့ ပြောင်းလဲသွားတတ်ပြီး၊ မဂ္ဂနီဆီယမ် (Magnesium) ဓာတ် ချို့တဲ့ပါက အရွက်ရင့်များ၏ ရွက်ကြောများအကြား ကြေးနီရောင် သို့မဟုတ် နီမြန်းခြင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။ ၎င်းအပြင် ရာသီဥတု အေးလွန်းခြင်း သို့မဟုတ် မြေဆီလွှာ ကျပ်လွန်းခြင်းကြောင့် အမြစ်မှ အာဟာရ မစုပ်ယူနိုင်ခြင်းလည်း ဖြစ်တတ်ပါတယ်။ ဤပြဿနာကို ကုသရန်အတွက် P,Kပါဝင်သည့်ရွက်ဖျန်းအားဆေးနှင့် အနည်းလိုအဟာရပါသော(Ca,B,Mg,Mn,Zn,Fe)အား ဆေး ကို ၁၅ ရက်တစ်ကြိမ်နှုန်းဖြင့် အရွက်များ ပြန်လည်စိမ်းလန်းလာသည်အထိ ဖျန်းပေးရပါမယ်။ ရေရှည်အတွက်မူ အပင်ခြေကို မြေဆွပေးပြီး သဘာဝမြေသြဇာ များ နှင့် ကွန်ပေါင်းမြေဩဇာများ ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာကို ပြုပြင်ပေးသင့်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။