အမဲစက်ပျောက်လေးတွေ ကျနေလို့ခင်ဗျဘာဆေးနဲသင့်တော်မလဲလမ်းညွှန်းပေးပါ။မိုးတစ်ခါကျပီး ဖြစ်ပေါ်လာတာခင်ဗျ။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁ ရက်
ပုံပါ ကွမ်းရွက်တွင် တွေ့ရသော အမဲစက်အသေးလေးများသည် မိုးရွာသွန်းပြီးနောက် စိုထိုင်းဆများချိန်တွင် အဖြစ်များသည့် ကွမ်းဘက်တီးရီးယား ရွက်ပြောက်ရောဂါ သို့မဟုတ် မှိုကြောင့်ဖြစ်သော ရွက်ပြောက်ရောဂါ လက္ခဏာများ ဖြစ်နိုင်ပါတယ်။ ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အမဲစက်ရှိသော အရွက်များကို အမြန်ဆုံး ခူးယူကာ စိုက်ခင်းနှင့်ဝေးရာတွင် ခူးယူဖယ်ရှားရပါမယ်။ ထို့နောက် စိုက်ခင်းအတွင်း လေဝင်လေထွက်နှင့် နေရောင်ခြည် ကောင်းစွာရရှိအောင် ပေါင်းမြက်များ ရှင်းလင်းပေးပြီး ကော့ပါးအခြေခံမှိုသတ်ဆေး (Copper Oxychloride) သို့မဟုတ် မန်ကိုဇက် (Mancozeb) ကဲ့သို့သော ဆေးများကိုဆေးထုပ်ပါ ညွှန်ကြားချက်အတိုင်း စနစ်တကျ ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။ဆေးဖျန်းပြီးနောက်အရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်စစ်ဆေးပေးပါခင်ဗျ။
ဟုတျ
ကျေးဇူးပါဗျ
ဒါကဆောင်းရာသီတွေမှာအဖြစ်မျာတယ်နှင်းတွေကြောင့်ဖြစ်တာမိုးရက်ဆက်ပီးတစ်အားရွာနေရင်လည်းဖြစ်တတ်တယ်
ဆက်စပ်မေးခွန်းများ
မိုးအရမ်းများနေလို့ပါကွမ်းပင်တွေဆီစွန်းနဲ့အခြားမိုရောဂါတွေမကျရောက်အောင်ဘယ်လိုပြုပြင်ထိန်းသိမ်းသင့်ပါသလဲ
ဖြေကြားချက် 2 ခု
ဒေါင်းမီးကွက် ဖစ်နေလို့ဗျ အမြစ်လဲပုတ်တယ်
ဖြေကြားချက် 1 ခု
ကွမ်းပင်တစ်လသားရှိပါပြီသင်းလို့ရပြီလားမသင်းခင်ဘာအစာကျွေးသင့်ပါလဲ
ဖြေကြားချက် 2 ခု
ကွမ်းေဆးေရစိမ်စိုက်ရင်ဘယ်ဆေးေကာင်းလည်းအကြံေပးပါအုံးဆရာတို့ေရ
ဖြေကြားချက် 7 ခု
သုံးရမည့်ဆေးသိပါရစေ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။