ကွမ်းပင်တွေပင်ခြေနဲ့အမြစ်တွေပုတ်ပြီးနွမ်းနေလို့ပါဘာဆေးသုံးသင့်ပါလဲဘယ်လိုပြုစုနိုင်ပါသလဲ
ကြိုက်တယ်
ပုံပါလက္ခဏာမှာ ကွမ်းပင်ခြေပုပ်၊ အမြစ်ပုတ်ရောဂါ ဖြစ်ပြီး မြေကြီးထဲရှိ Phytophthora သို့မဟုတ် Pythium မှိုပိုးများကြောင့် အဓိက ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ရောဂါကြောင့် အမြစ်နှင့် ပင်ခြေပိုင်း ပုပ်မည်းကာ အပင်ဆီသို့ ရေနှင့် အာဟာရ မပို့ဆောင်နိုင်တော့ဘဲ တစ်ပင်လုံး ညှိုးခြောက်သေဆုံးသွားတတ်ပါသည်။ ၎င်းကို ကုသရန်အတွက် Metalaxyl (မက်တယ်လဇီး) သို့မဟုတ် Fosetyl-Al (ဖော့စတိုင်း အလူမီနီယမ်) သို့မဟုတ်Mancozeb + Metalaxyl (မန်ကိုဇက် + မက်တယ်လဇီး) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးတစ်မျိုးမျိုးကို ကွမ်းပင်ခြေရင်းမြေကြီးထဲသို့ရွှဲရွှဲဖျန်းပေးရပါမယ်။ ထို့ပြင် ရောဂါရအပင်များကို နှုတ်ယူမီးရှို့ခြင်း၊ ကွမ်းဘောင်များ ရေမဝပ်အောင် ရေနုတ်မြောင်း ပြုပြင်ခြင်းနှင့် မြေကြီးထဲ ထုံးမှုန့် ဖြူးပေးခြင်းတို့ကို ပူးတွဲလုပ်ဆောင်ရပါမယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းမှ ရိုးမဲဆီစွန်းဆစ်ပြုတ် အတွက်(Copper Oxychloride+Kasugamycin)ဆေးနှစ်မျိုးတွဲဖြန်းလို့ရလားဗျ ရရင်ဘယ်လို...
ဖြေကြားချက် 2 ခု
ကွမ်းဆိမ့်ကွက်တွေရှ်ိလို့ပါဘယ်လိုပြုလုက်ပေးသင့်ပါလဲ
ဖြေကြားချက် 1 ခု
သုံးရမည့်ဆေးသိပါရစေ
ဖြေကြားချက် 2 ခု
ကွမ်း6000ခြံစိုက်ထားတာ အခုရောဂါတွေကြနေလို့ဘယ်လိုကုသရမလည်း ရိုးမဲ မြစ်ပုပ် ခါးရိ ဆီစွန်း
ဖြေကြားချက် 3 ခု
ကွမ်းအတွက် ခိုချေး (ငှက်ချေး)ကျွေးလို့ရလားဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။