အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
616
လွန်ခဲ့သော ၃ လ က · မကွေး

ကန်ဇွန်းစေ့စိုက်ထားတာ အပင်လေးပေါက်လာပါပြီ အပင်လေး သန်စွမ်းအောင်လို့ ဘယ်လိုလုပ်ဆောင်ပေးရမလဲဗျ။

အပင်အာဟာရ ကန်စွန်းရွက်
Post image

ဖြေကြားချက် ၃ ခု

348,948 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါကန်စွန်းရွက် အစေ့ပေါက်လေးများ ဆက်လက်သန်စွမ်းပြီး အရိုးတုတ် အရွက်ကြီးလာစေရန်အတွက် အဓိကလုပ်ဆောင်ရမည့်အချက်မှာ "အပင်ခွဲပေးခြင်း" ဖြစ်ပါတယ်။ လက်ရှိတွင် အပင်များ အလွန်စိပ်နေသဖြင့် အရွက်စစ် ၂ ရွက်ခန့်ထွက်လာချိန်တွင် တစ်ပင်နှင့်တစ်ပင် ၃ လက်မခန့် ကွာဝေးအောင် ကြားညှပ်ပင်များကို ညင်သာစွာ နှုတ်ပစ်ရမည်။ ထို့ပြင် အိုးကို နေရောင်ခြည် တိုက်ရိုက်ရရှိသော ဝရန်တာ သို့မဟုတ် ပြတင်းပေါက်အနီးသို့ ရွှေ့ပြောင်းပေးရန် လိုအပ်ပြီး၊ မြေဆီလွှာကို ရေမဝပ်စေဘဲ အမြဲစိုစွတ်နေအောင် မနက်/ည ရေမှန်မှန်လောင်းပေးရမည်။ အပင်သက်တမ်း ၂ ပတ်ကျော်ပါက နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝသော ဆန်ဆေးရည်အချဉ် သို့မဟုတ် သဘာဝမြေဆွေးကို အပင်ခြေတွင် အနည်းငယ် ကျွေးပေးခြင်းဖြင့် ရက်ပေါင်း ၂၅ ရက်အတွင်း စိမ်းစိုသန်စွမ်းသော ကန်စွန်းရွက်များကို စတင်ခူးဆွတ်နိုင်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ မြေပြင်မှာ ပြောင်းရွှေ့စိုက်ပျိုးခြင်းက အကောင်းဆုံးပါပဲဗျ။နေရာကျဉ်းပါက အပင်မပြန့်နိုင်ဘဲဖြစ်နေပါလိမ့်မယ်ခင်ဗျာ။

348,948 လွန်ခဲ့သော ၃ လ က

ဆန်ဆေးရည်ကို အချဉ်ဖောက်ရာတွင် ပုလင်း သို့မဟုတ် ဗူးထဲသို့ ထည့်ပြီး အဖုံးကို လေလုံအောင် ပိတ်မထားဘဲ အနည်းငယ် လှည့်ဟထားခြင်း သို့မဟုတ် အဝတ်စဖြင့် ဖုံးအုပ်ချည်နှောင်ပြီး (၂) ရက်မှ (၃) ရက်ခန့် အခန်းအပူချိန် အရိပ်ထဲတွင် ထားရှိရပါမယ်။ ထိုသို့ထားခြင်းဖြင့် အပင်အတွက် အကျိုးပြု ဘက်တီးရီးယားများ ပေါက်ဖွားလာမည်ဖြစ်ပြီး အသုံးပြုမည့်အချိန်တွင် အချဉ်ဖောက်ထားသော ဆန်ဆေးရည် (၁) ဆကို ရေရိုးရိုး (၃) ဆ သို့မဟုတ် (၅) ဆခန့်အထိ ရောစပ်ပြီးမှသာ အပင်ခြေကို ပတ်လည်လောင်းပေးရပါမယ်ခင်ဗျာ။

616 လွန်ခဲ့သော ၃ လ က

ဆန်ဆေးရည် ဘယ်နှစ်ရက်ထားပြီး လောင်းပေးရမလဲ ဆန်ဆေးရည်ထည့်တဲ့အခါ အုပ်ထားရမလားဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကျွန်တော်က ရန်ကုန်မှာ ကုန်းကန်စွန်း စိုက်ချင်လို့ ဘယ်လိုဝယ်တာလဲ ဈေးနှုန်းလေး သိချင်ပါတယ်။

ဖြေကြားချက် 1 ခု

နွားသေးအကြောင်းမေးချင်ပါတယ်ဗျ ကျနော့ချဉ်ပေါင်ခင်နဲ့မုန်ညင်းခင်းမှာ ပုလဲမြေဩဇာနဲ့နွားသေးကို ယှဉ်ဖျန်းကြည့်တာ ပု...

ဖြေကြားချက် 4 ခု

ဆရာ အပင်ခြေရင်းကို ကောက်ရိုးဖုံးပေးတာက မှိုရောဂါကို ပိုဖြစ်စေသလား

ဖြေကြားချက် 1 ခု

ဒဂုံဆိပ်ကမ်းလယ်မြေမှာ တရုတ်ကန်စွန်းကို အစေ့ချ မြေမြုတ်စနစ်နှင့် စိုက်မလို့ပါ။ မျိုးစေ့ရနိုင်မယ့်နေရာနှင့်...

ဖြေကြားချက် 3 ခု

ကန်စွန်းရွက် မှာ ဘာရောဂါဖြစ်တာလဲ ပိုးကျတာလား ဘာဆေးတွေသုံးရမလဲ အကြံပြုကြပါဦး

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။