ဒါကဘာချို့တဲ့တာလည်း အစာစပ်ပြာင်းပါ
ပေါင်းသတ်ဆေး၊သို့မဟုတ် chemical တခုခုကြောင့် အပင်ဇီဝကမ္မ အနှောင့်အယှက်ဖြစ်စ၍်တခုလို့ယူဆပါတယ်။
ဒီပုံပါ အစာစပ်ပြောင်းပင်ငယ်တွင် တွေ့ရသော လက္ခဏာမှာ အရွက်ဟောင်းများ၏ အလယ်ကြောနှင့် အပြိုင် ဘေးဘက်တစ်လျှောက် အဝါရောင် သို့မဟုတ် အဖြူရောင် အစင်းကြောင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ ခန့်မှန်းရသလောက် ဇင့် ဓာတ် သို့မဟုတ် မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ခြေ အလွန်များပြီး မြေဆီလွှာ အက်ဆစ်ဓာတ်များခြင်း သို့မဟုတ် မိုးအဆက်မပြတ် ရွာသွန်း၍ မြေအေးစိုခြင်းတို့ကြောင့် အမြစ်က အာဟာရ မစုပ်ယူနိုင်ဘဲ ယာယီ ဖြစ်ပေါ်တတ်ပါတယ်။ ပြုပြင်ရန်အတွက် လတ်တလောတွင် ဇင့်၊ မဂ္ဂနီဆီယမ်ပါဝင်သော ရွက်ဖျန်းမြေဩဇာကို ၁ ပတ်ခြား၍ (၂) ကြိမ်ခန့် ပက်ဖျန်းပေးခြင်းနှင့် အော်ဂဲနစ်မြေဩဇာများ ကျွေးပေးခြင်း၊ စိုက်ခင်းအတွင်း ရေဝပ်မှုမရှိစေရန် ရေစီးရေလာ လမ်းကြောင်းများ ကောင်းအောင်ပြုပြင်ပေးခြင်းတို့ဖြင့် ပြုစုရပါမယ်ခင်ဗျာ။
ပိုတကျဓာတျလိုပါသလား
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။