အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
352
လွန်ခဲ့သော ၃ လ က · ကျောင်းကုန်း

စပါးပင် 1လသားအရွယ်မှာ စပါးခွံဖွဲးပြာပက်ပေးလိုအဆင်ပြေလားသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၄ ခု

349,542 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

စပါးပင်သက်တမ်း ၁ လသား (ရက် ၃၀ ခန့်) ပင်ပွားထွက်ချိန်တွင် စပါးခွံဖွဲပြာကို ကျဲပက်ပေးခြင်းသည် အပင်ကြီးထွားမှုကို များစွာအထောက်အကူပြုပါတယ်။ စပါးဖွဲပြာတွင် ပါဝင်သော စီလီကာ (Silica) ဓာတ်က စပါးပင်စည်နှင့် အရွက်များကို မာကြောစေပြီး အပင်ယိုင်လဲခြင်းမှ ကာကွယ်ပေးသလို ပိုတက်စီယမ်ဓာတ်က အမြစ်ဖြစ်ထွန်းမှုကို အားကောင်းစေပါသည်။ ထို့ပြင် အရွက်မျက်နှာပြင် တောင့်တင်းလာသဖြင့် ဖျက်ပိုးနှင့် မှိုရောဂါဒဏ်များကို ခံနိုင်ရည်ရှိလာစေပါသည်။ သို့သော် ဖွဲပြာကျဲရာတွင် အပူရှိန်လုံးဝငြိမ်းပြီးသား ဖြစ်ရမည့်အပြင် ကာဗွန်လွန်ကဲမှုမရှိစေရန် စက်ဖွဲပြာအခြောက်ကို ရေအစိုဓာတ်ပေး၍ တစ်ဧကလျှင် ပိသာ ၁၅၀-၂၀၀ ဝန်းကျင် ညီညာစွာ ကျဲပက်ပေးရပါမည်။ ဖွဲပြာပုံပေါ်သို့ ရေကို ရွှဲရွှဲစိုအောင် မဟုတ်ဘဲ ရေကရား (သို့မဟုတ်) အမွှားဖျန်းခေါင်းဖြင့် အပေါ်ယံ စိုစွတ်ရုံမျှ ဖျန်းပေးပြီး လက်ဖြင့် သမအောင် မွှေပေးရမည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဖွဲပြာသည် ပွပွလေးနှင့် အစိုဓာတ်ခပ်ပါးပါး ရရှိသွားပြီး ကျဲပက်ရလွယ်ကူကာ အရွက်ပေါ်တင်ကျန်လျှင်လည်း အပင်လောင်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။မြေခံမှာထည့်ခဲ့မယ်ဆိုရင် ပိုကောင်းပါတယ်၊ အပင်ရှိမှထည့်တော့ အခန့်မသင့်ရင် အရွက်ပေါ်တင်ကျန်ပါက အရွက်လောင်နိုင်ပါတယ်။

382 လွန်ခဲ့သော ၃ လ က

ရပါတယ်ရှင့်

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ လ က

စပါးခွံမီးသေဠးကိုနောက်ဆုံးထွန်မွှေချိန်မှာထည့်ရင်အကောင်းဆုံးဘဲအပင်ပေါက်ပြီူမှဆိုရင်တော့ပက်ညပီးသမန်းနိုးပေးရင်တော့ပိုကောင်းမယ်

349,542 လွန်ခဲ့သော ၃ လ က

ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ပုလဲမြေသြဇာကိုဆိတ်ချေးနဲရောပီးစပါးခင်းထဲပက်ရင်အဆင်ပြေမလာသိချင်ပါတယ်

ဖြေကြားချက် 3 ခု

ခရုဘုရင်ကို စပါးမျိုးစေ့နဲ့ရောကြဲလို့အဆင်ပြေမလားဆရာ တကယ်လို့ကြဲလို့ရတယ်ဆိုရင် ဘယ်လိုနှုန်းထားနဲ့ရောကြဲသင့်ပါသ...

ဖြေကြားချက် 1 ခု

စပါးပင်လေးတွေထဲအခုပေါက်နေတဲ့ဝက်လာ/ဝက်ကျွတ်/တပ်ပွတ်ဖြူ-နီလေးများနေလို့ဘာဆေးလေများအသုံးပြုရမလဲဗျ

ဖြေကြားချက် 1 ခု

ပုံပါအပင်ကတစ်ပင်လုံးဖြူနေတာက ဘယ်လိုကြောင့်ပါလဲ အပင်တိုင်းတော့မရှိသေးပါ စပါးပျိုးသက်(၁၀)ရက်ရှိပါပြီ ရေကိုတော့...

ဖြေကြားချက် 3 ခု

စပါးပျိုးခင်းပါ (၁၀)ရက်သားရပါပြီ ပုံထဲကအတိုင်းဖြစ်နေလို့ပါ ရေပေးတာကတော့ တစ်ရက်ကိုနံနက်ခင်းတစ်ကြိမ်ပဲပေးပါတယ်...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။