ကွမ်းပင်မှာပုံပါအတိုင်းဖြစ်နေလို့ပါ ဘာဆေးသုံးသင့်ပါလဲ ဘယ်လိုပြုစုပေးသင့်ပါလဲ
ပုံပါ ကွမ်းရွက်တွင် ဖြစ်ပေါ်နေသော လက္ခဏာမှာ မိုးရာသီတွင် အဖြစ်များသည့် ဘက်တီးရီးယား ဆီစွန်းရောဂါပါ။ အရွက်ပေါ်တွင် အဝါရောင်အနားရစ် ဝန်းရံနေသည့် အညိုရင့်ရောင် အနာကွက်များကို တွေ့ရပြီး ရောဂါထိန်းချုပ်ရန် ကော့ပါးအောက်စီကလိုရိုက် သို့မဟုတ် ဘက်တီးရီးယားသတ်ဆေး တစ်မျိုးမျိုးကို ညွှန်ကြားချက်အတိုင်း ပက်ဖျန်းပေးရပါမည်။ ထို့ပြင် ရောဂါရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးခြင်း၊ နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ လျှော့ကျွေးခြင်း၊ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်းနှင့် အပင်ခြေ ရေမဝပ်အောင် စနစ်တကျ ရေနုတ်ပေးခြင်းတို့ဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဆေးဖျန်းပြီးပါက အရွက်များကို အနည်းဆုံး (၇) ရက်ခန့် ဆွတ်ခူးစားသုံးခြင်း မပြုရပါ။
ရေစိုနာ လို့ခေါ်တဲ့ ဘက်တီးရီးယားရွက်ပြောက်ဝင်တဲ့သဘောပါ။အရွက်ကိုခူးပြီး အဝေးပစ်ပါ။ ကျန်အရွက်များကို မကူးအောင် ကော့ပါးအောက်စီကလိုရိုဒ်ဖျန်းပါ။
ဆက်စပ်မေးခွန်းများ
ထရိုင်ကိုဒါးမါးကိုဘယ်မာဝယ်လို့ရလဲ
ဖြေကြားချက် 3 ခု
ဖြေပေးပါဦးဗျ🙏 Jun 17 ရက်နေ့က ပထမဆုံးအကြိမ် copper oxychloride ဆေးဖြန်းထားပါတယ်ဗျ Jun 20 မှာ မိုးရွာပြီး နောက်...
ဖြေကြားချက် 1 ခု
ကွမ်းအတွက် ခိုချေး (ငှက်ချေး)ကျွေးလို့ရလားဗျ
ဖြေကြားချက် 3 ခု
ကွမ်းပင်တွေမြစ်ပုပ်ပြီးသေနေတာကိုဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 1 ခု
ကွမ်းပင်အမြစ်ပုပ်ပြီးသေနေတာကိုဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။