အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
98
လွန်ခဲ့သော ၃ လ က · ဆားလင်းကြီး

ဖြေပေးပါဦးဗျ🙏 Jun 17 ရက်နေ့က ပထမဆုံးအကြိမ် copper oxychloride ဆေးဖြန်းထားပါတယ်ဗျ Jun 20 မှာ မိုးရွာပြီး နောက်...

ဖြေပေးပါဦးဗျ🙏 Jun 17 ရက်နေ့က ပထမဆုံးအကြိမ် copper oxychloride ဆေးဖြန်းထားပါတယ်ဗျ Jun 20 မှာ မိုးရွာပြီး နောက်ရက်ကျ ကွမ်းရွက်အမြှီးပိုင်းတွေက အဲ့လိုဖြစ်နေလို့ ဘာဆက်လုပ်ရမလဲ မသိလို့ပါဗျ ရောဂါလား ဘာလား လဲ မသိလို့ပါဗျ ဖြေပေးပါဦးဗျ🙏

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်
ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ယခုတွေ့ရသော ကွမ်းရွက်ပေါ်က အစက်အသေးလေးများသည် မှို သို့မဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်သည့် ရောဂါမဟုတ်ဘဲ ကော့ပါးဆေးဖျန်းရာတွင် ဆေးနှုန်းထား ပြင်းသွားခြင်း၊ ဆေးမှုန့် သေချာမပျော်ဘဲ အရွက်ပေါ် အနည်ထိုင်ကျန်ရစ်ခြင်း သို့မဟုတ် နေပြင်းချိန်တွင် ဖျန်းမိခြင်းတို့ကြောင့် ဖြစ်ရသည့် ဆေးလောင်သော လက္ခဏာ သာ ဖြစ်ပါသည်။ ဤအခြေအနေသည် ရောဂါကဲ့သို့ အခြားအရွက်များသို့ ကူးစက်ပြန့်ပွားခြင်း မရှိသည့်အတွက် စိုးရိမ်ရန်မလိုဘဲ အပင်ကြီးထွားမှုကိုလည်း ထိခိုက်မှုမရှိစေနိုင်ပါဘူး။ နောင်တွင် ဆေးလောင်ခြင်းမှ ကင်းဝေးစေရန် ဆေးအညွှန်းပါအတိုင်း တိတိကျကျ ရောစပ်ပြီး နေအေးချိန်တွင်သာ စနစ်တကျ ဖျန်းပေးသင့်ပါတယ်။ရောဂါဟုတ်မဟုတ်သေချာနိုင်ရန် ဆက်လက်ပြန့်ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါ။Jun 17 ရက်နေ့တွင် Copper Oxychloride (ကော့ပါးအောက်ဆီကလိုရိုက်) ဆေးဖျန်းထားပြီး ၃ ရက်အကြာ Jun 20 ရက်နေ့တွင် မိုးရွာသွန်းခဲ့ပါက ဆေးထပ်မံဖျန်းရန် မလိုသေးပါဘူးဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။