အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,928
လွန်ခဲ့သော ၃ လ က · မြိုင်

လက်လုပ် အီးအမ်က အသင့်သုံးဖြစ်ပါတယ်ခင်ဗျ ၊ တစ်ရက် နှစ်ရက်ခြားတစ်ခါ မွှေးပေးပါတယ် အပေါ်ယံမှာ ပုံထဲမြင်ရသလို ဖြစ်...

လက်လုပ် အီးအမ်က အသင့်သုံးဖြစ်ပါတယ်ခင်ဗျ ၊ တစ်ရက် နှစ်ရက်ခြားတစ်ခါ မွှေးပေးပါတယ် အပေါ်ယံမှာ ပုံထဲမြင်ရသလို ဖြစ်နေလို့ပါဗျ အနံ့ကတော့ ကောင်းပါတယ် ဝိုင်ပြင်းပြင်း အနံ့ရပါတယ် သုံးလို့ ဆင်ပြေပါ့မလားဗျ

စိုက်ပျိုး ရေ မြေပဲ
Post image

ဖြေကြားချက် ၃ ခု

348,307 လွန်ခဲ့သော ၂ လ က

ပုံပါ အိမ်တွင်းဖြစ် EM ရည်၏ အပေါ်ယံတွင် ထူထပ်ပွယောင်းသော အဖြူကွက်များ ဖြစ်ပေါ်နေခြင်းသည် ဖောက်စပ်စဉ် လေဝင်သွားခြင်း သို့မဟုတ် အစာ (အချိုဓာတ်) မလုံလောက်ခြင်းကြောင့် ဖြစ်လာသည့် မှိုဆိုး (Contamination) စွဲကပ်ခြင်း ဖြစ်နိုင်ခြေ အလွန်များပါသည်။ အောင်မြင်သော EM ရည်သည် ချိုချဉ်စူးစူး အနံ့ရှိရမည်ဖြစ်ပြီး၊ အကယ်၍ ပုပ်စော်နံသော အနံ့ဆိုးထွက်နေပါက အကျိုးပြုပိုးများ သေဆုံးကာ အချဉ်ဖောက်ခြင်း ပျက်စီးသွားပြီဖြစ်၍ စိုက်ပျိုးရေးတွင် လုံးဝမသုံးစွဲဘဲ စွန့်ပစ်ရပါမည်။ နောင်တွင် အောင်မြင်စေရန် ကလိုရင်းမပါသောရေကို သုံးခြင်း၊ အချိုးအစားမှန်ခြင်းနှင့် အချဉ်ဖောက်ဗူးကို လေလုံအောင် စနစ်တကျ ပိတ်ထားခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။တင်လဲရည်ထပ်ထည့်ပါ

1,928 လွန်ခဲ့သော ၃ လ က

ဟုတ် ကျေးဇူးပါခင်ဗျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

တင်လဲရည် ကို ထပ်ဖြည့်ထည့်စေချင်ပါတယ်။တလီတာခန့်အရင်ထည့်ပြီးမွှေပါ။ချဥ်စူးစူးအနံ့ပျောက်ပြီး ချိုသင်းနံ့ရသည်ထိ ဖြည့်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။