အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
264
လွန်ခဲ့သော ၃ လ က · မြစ်ကြီးနား

ဧရာမင်းစပါးမျိုး ပျိုးကျဲဆောင်ရွက်ထားပြီး ၁၆ ရက်သားရှိပါပြီ သိလိုတာက ဓာတ်မြေသြဇာထည့်ရမည့်အချိန် တစ်ဧကအချိုးအ...

ဧရာမင်းစပါးမျိုး ပျိုးကျဲဆောင်ရွက်ထားပြီး ၁၆ ရက်သားရှိပါပြီ သိလိုတာက ဓာတ်မြေသြဇာထည့်ရမည့်အချိန် တစ်ဧကအချိုးအစား ရေသွင်းရေထုတ် (မိုးရေဖြင့် စိုက်ပျိုး အချိန်မရွေးရေသွင်း နိုင်ပါသည်) စနစ်တို့ကိုသိလိုပါတယ် သဘာဝမြေသြဇာရောစပ်အသုံးပြုမှုအပါ သိလိုပါတယ်ခင်ဗျာ

စိုက်ပျိုးနည်း စပါး
Post image

ဖြေကြားချက် ၁၅ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

အပင်အခြေနေ၊အရွက်အရောင်ကြည့်ပြီးမှ၊ကျွေးရအောင်။နောကိတကြိမ် အပင်ပုံလေးရိုက်ပြီး တင်တင်မေးပါဦး

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပျိုးခင်း၂၀ရက်သားပါ။ဒါမှ ပိုးကောင်းမှာပါ။

264 လွန်ခဲ့သော ၂ လ က
264 လွန်ခဲ့သော ၂ လ က

22 ရကျသား

348,957 လွန်ခဲ့သော ၂ လ က

ဧရာမင်းစပါး (၁၆ ရက်သား) အောင်မြင်ဖြစ်ထွန်းရန် မြေပြင်ချိန်တွင် တီစူပါနှင့် သဘာဝမြေဩဇာ ရောစပ်ကျွေးရမည်ဖြစ်ပြီး၊ သက်တမ်း ၂၀-၂၅ ရက် ပွားစည်းချိန်တွင် ယူရီးယား သုံးပုံတစ်ပုံနှင့် ပိုတက်ရှ် တစ်ဝက်ကို ပထမအကြိမ် ကျွေးရပါမည်။ သက်တမ်း ၆၀ ရက် မှို့ကပ်ချိန်တွင် ယူရီးယား သုံးပုံနှစ်ပုံနှင့် ပိုတက်ရှ် တစ်ဝက်ကို ဒုတိယအကြိမ် ခွဲကျွေးပြီး၊ သက်တမ်း ၇၅-၈၀ ရက် ဖုံးလုံးချိန်တွင် ကျန်ယူရီးယား သုံးပုံတစ်ပုံကို နောက်ဆုံးအကြိမ် ပက်ကြဲပေးရပါမည်။ ရေသွင်းရေထုတ်အပိုင်း၌ အစောပိုင်းတွင် ရေကို ၁ လက်မခန့်သာ စပ်စပ်ထားရှိပြီး၊ မြေဩဇာကျွေးချိန်တွင် ရေစိုရုံသာ ထားကာ ကျွေးပြီး ၂ ရက်မှ ရေပြန်သွင်းရပါမည်။ပင် ပွားစည်းချိန်မှစ၍ ရေသွင်းလိုက် ရေခန်းခွင့်ပေးလိုက် (AWD) စနစ်ဖြင့် အမြစ်အားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်သော်လည်း၊ ဖုံးလုံးချိန်မှ အစေ့ဆန်တည်ချိန်အထိမူ ရေ ၂-၃ လက်မ အမြဲရှိနေစေရန် မိုးရေ သို့မဟုတ် ဆည်ရေကို လှောင်ထားရပါမည်။ မေးခွန်းမေးမယ်ဆိုပါက အသစ် ထပ်တင်မေးပေးပါဗျ၊ အဖြေများသွားရင် ကြည့်မရတာမျိုးဖြစ်တတ်လို့ပါ

264 လွန်ခဲ့သော ၂ လ က
264 လွန်ခဲ့သော ၂ လ က

မိုးစပျစပျဆိုပမေဲ့ ရပေါပါတယျ

264 လွန်ခဲ့သော ၂ လ က

မိုးစပျစပျဆိုပမေဲ့ရပေါပါတယျ

264 လွန်ခဲ့သော ၂ လ က

ပျိုးခင်းအပေါ်က ကန်သင်းက မြက်ကို ဂလိုင်ပေါင်းသတ်ဆေး မနက်ပိုင်းကဖြန်းပါတယ်တစ်နေကုန်နေကျဲကျဲပူပါတယ် ည 7.30 ခန့်မှာမိုးစပ် စပ်ရွာပါတယ် ပျိုးခင်းအတွက်အန္တရာယ်ရှိနိုင်ဗျ ဖြေပေးကြပါအုံး

348,957 လွန်ခဲ့သော ၂ လ က

ဧရာမင်းစပါး (၁၆ ရက်သား) အောင်မြင်ဖြစ်ထွန်းရန် မြေပြင်ချိန်တွင် တီစူပါနှင့် သဘာဝမြေဩဇာ ရောစပ်ကျွေးရမည်ဖြစ်ပြီး၊ သက်တမ်း ၂၀-၂၅ ရက် ပင်ပွားစည်းချိန်တွင် ယူရီးယား သုံးပုံတစ်ပုံနှင့် ပိုတက်ရှ် တစ်ဝက်ကို ပထမအကြိမ် ကျွေးရပါမည်။ သက်တမ်း ၆၀ ရက် မှို့ကပ်ချိန်တွင် ယူရီးယား သုံးပုံနှစ်ပုံနှင့် ပိုတက်ရှ် တစ်ဝက်ကို ဒုတိယအကြိမ် ခွဲကျွေးပြီး၊ သက်တမ်း ၇၅-၈၀ ရက် ဖုံးလုံးချိန်တွင် ကျန်ယူရီးယား သုံးပုံတစ်ပုံကို နောက်ဆုံးအကြိမ် ပက်ကြဲပေးရပါမည်။ ရေသွင်းရေထုတ်အပိုင်း၌ အစောပိုင်းတွင် ရေကို ၁ လက်မခန့်သာ စပ်စပ်ထားရှိပြီး၊ မြေဩဇာကျွေးချိန်တွင် ရေစိုရုံသာ ထားကာ ကျွေးပြီး ၂ ရက်မှ ရေပြန်သွင်းရပါမည်။ ပင်ပွားစည်းချိန်မှစ၍ ရေသွင်းလိုက် ရေခန်းခွင့်ပေးလိုက် (AWD) စနစ်ဖြင့် အမြစ်အားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်သော်လည်း၊ ဖုံးလုံးချိန်မှ အစေ့ဆန်တည်ချိန်အထိမူ ရေ ၂-၃ လက်မ အမြဲရှိနေစေရန် မိုးရေ သို့မဟုတ် ဆည်ရေကို လှောင်ထားရပါမည်။

264 လွန်ခဲ့သော ၂ လ က

ပျိုးခင်းတော့မဖြစ်မနေကျွေးရမှာဘဲ မြေသြဇာစျေးနှုန်းက မချောင်ဘူး ကျနော်တို့ဒေသက ပုလဲတစ်အိတ် 240000 15 ပတ်လည် 200000 စိုက်ပျိုးခတစ်ဧက 250000 အစိုးရကပေးရင်တောင် 90000. စကေးအရဆို တစ်ဧက100 တင်းထွက်မှ အရင်းလောက်ရမှာ

264 လွန်ခဲ့သော ၃ လ က

၁၂ ရကျသားပါဗြ

264 လွန်ခဲ့သော ၃ လ က

စိုက်ပြီး ၁၀ ရက် စိုက်ပြီး တစ်လသား ဒုကြိမ် အဖုန်းအလုံးကျွေးဖို့ က တစ်ဧက ၁ အိတ်နှုန်းလားဗျ

264 လွန်ခဲ့သော ၃ လ က

၂၀ ရက်သားဆိုတာက ပျိုးခင်းကိုလားဗျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

၂၀ရက်သားမှာ၊Gypsum+k Humic+urea(တအိတ်+တထုပ်+အိတ်ဝက် )ရောကျေွးပါ။ ၂၈ရက်-၃၀ရက်သား ပြောင်းရွှေ့စိုက်ပါ။ စိုက်ပြီး ၁၀ရက်သား၊၁၅ပတ်လည် တကြိမါကျွေးပါ။ စိုက်ပြီး တလသား ဒုအကြိမ် ကျွေးပါ။ နောက်ဆုံးအကြိမ်အဖြစ် ဖုံးလုံးချိန်မှာကျွေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။