အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
32
လွန်ခဲ့သော ၃ လ က · ဝါးခယ်မ

စပါးမျိုးဘလိုဖောက်ရမလဲ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

စပါးအညှောင့်ဖောက်တာကိုပြောတာလားဗျ။ စပါးအညှောင့်ဖောက်နည်း အဆင့်ဆင့် ​၁။ မျိုးစေ့သန့်စင်ခြင်းနှင့် အဖျင်းရွေးခြင်း ​မျိုးစေ့ထဲမှာပါတဲ့ ဖုန်၊ သဲ၊ ခဲနဲ့ မြက်မျိုးစေ့တွေကို အရင်ဆုံး ဖယ်ရှားပါ။ ​ထို့နောက် စပါးမျိုးစေ့များကို ရေထဲသို့ ထည့်လိုက်ပါ။ ရေပေါ်ပေါ်လာတဲ့ အဖျင်း၊ အမှိုက်နဲ့ မအောင်တဲ့ စပါးစေ့တွေကို ခပ်ထုတ်ပစ်ပါ။ (ပိုမိုသေချာစေချင်ရင်တော့ ရေ ၁ တင်းမှာ ဆား ၁ ပိဿာခွဲခန့် ဖျော်ပြီး မျိုးစေ့ထည့်စိမ်ပါက အောင်စေ့များ နစ်သွားပြီး မအောင်သော အစေ့များ ပေါ်လာပါလိမ့်မယ်။ ဆားရေသုံးရင်တော့ မျိုးစေ့ကို ရေသန့်နဲ့ ၃ ခါလောက် ပြန်ဆေးပေးဖို့ လိုပါတယ်)။ ​၂။ မျိုးစေ့ကို ရေစိမ်ခြင်း (Soaking) ​အောင်စေ့ သန့်သန့်များကို ဇာဂနာအိတ် သို့မဟုတ် ဆာလာအိတ်ထဲ ထည့်ပြီး ရေထဲတွင် ၂၄ နာရီ (တစ်ရက်တစ်ည) စိမ်ထားပေးပါ။ ​အကြံပြုချက်: ရေစိမ်ထားစဉ်အတွင်း မှိုရောဂါ ကာကွယ်ရန်အတွက် စပါးမျိုးစေ့လူးနယ်ဆေး (သို့မဟုတ်) မှိုသတ်ဆေး တစ်မျိုးမျိုးကို ရေထဲတွင် တစ်ပါတည်း ထည့်သွင်းစိမ်ပေးနိုင်ပါတယ်။ ​၃။ ရေစစ်ခြင်း ​၂၄ နာရီပြည့်ပါက စပါးအိတ်ကို ရေထဲမှ ဆယ်ယူပြီး ရေကုန်အောင် ၂ နာရီမှ ၃ နာရီခန့် သေချာစွာ ရေစစ်ထားပါ။ (ရေမစစ်ဘဲ အိပ်လှောင်ပါက အစေ့များ ပုပ်သွားတတ်ပါတယ်)။ ​၄။ အိပ်လှောင်ခြင်း/အညှောင့်ဖောက်ခြင်း (Incubation) ​စပါးစေ့လေးတွေ နိုးကြားလာပြီး အညှောင့်ထွက်လာဖို့အတွက် အပူချိန်နဲ့ စိုထိုင်းဆ ပေးရမယ့် အဆင့်ဖြစ်ပါတယ်။ ​ရေစစ်ထားတဲ့ စပါးအိတ်တွေကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့ နေရာ (ဥပမာ- တင်းကုပ် သို့မဟုတ် ကောက်ရိုးပုံအနီး) တွင် ထားပါ။ ​အိတ်များအပေါ်မှ ကောက်ရိုးများ၊ ဂုံနီအိတ်အစိုများ ဖြင့် သေချာစွာ ဖုံးအုပ်ပေးထားပါ။ ၎င်းက အတွင်းအပူချိန်ကို အဝတ်အထည်လို ထိန်းပေးထားပါလိမ့်မယ်။ ​အိပ်လှောင်ရမည့် သက်တမ်းမှာရာသီဉတုအပေါ်မူတည်ပြီး၂၄ နာရီမှ ၄၈ နာရီ (၁ ရက်မှ ၂ ရက်) ခန့် ကြာနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဧရာမင်းစပါးမျိုး ပျိုးကျဲဆောင်ရွက်ထားပြီး ၁၆ ရက်သားရှိပါပြီ သိလိုတာက ဓာတ်မြေသြဇာထည့်ရမည့်အချိန် တစ်ဧကအချိုးအ...

ဖြေကြားချက် 15 ခု

ဆရာခင်ဗျာ ကျွန်တော်စပါးမျိုးကခွံဝါတောင်ပျံမျိုးပါ ၂ နှစ်ရှိပါပြီပင်ပွားထွက်ချိန်ထဲက ဆစ်ပိုး‌ေခါ်အူ‌ေလျာက်ပိုး...

ဖြေကြားချက် 1 ခု

မျိုးအိပ် ၃ အိပ်ကို အပိုင်းလိုက်ခွဲပီးကြဲ လိုက်တာတစ်အိပ်နဲ့တစ်အိပ်အပင်ပေါက်ကွာခြားတာဘာဖြစ်လို့ပါလဲ တရက်ထဲအတူ...

ဖြေကြားချက် 3 ခု

စပ့ါးစိုက်ခင်းကိုမြေခံထည့်ချင်တာဘယ်လိုအမျိူအစားထည့်သင့်လဲဖြေပေးကြပါအုံးဗျ

ဖြေကြားချက် 2 ခု

တောင်သူကြီးများနှင့် စိုက်ဆေးပညာရှင်တို့ခင်ဗျ... စပါးစိုက်ရာသီမတိုင်ခင် လယ်ကွင်းထဲပြာချသင့်လားအကြံပေးကြပါဦး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။