နှမ်းအပင်သက်တမ်းဘယ်နှစ်ရက်သားလောက်အထိနွားသေးဖြန်းလို့ရလဲ နွားသေးကိုဘယ်နှစ်ရက်ခြားpဖြန်းသင့်လဲသိချင်ပါတယ်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့်တိမ်ထူထပ်ပြီး မိုးဖွဲဖွဲရွာ
ရက် (၃၀) သား နှမ်းခင်းတွင် နွားကျင်ငယ်ရည် (နွားသေး) ကို ယခုအချိန်မှစ၍အပင်အမြင့် ဆက်မရှည်တော့ဘဲ အောက်ခြေက အသီးများ စတင်ရင့်မှည့်လာသည့် ကာလ မတိုင်မီ (၇) ရက်မှ (၁၀) ရက်ခြားတစ်ကြိမ် ပက်ဖျန်းပေးနိုင်ပါတယ်။ အသုံးမပြုမီ နွားသေးရည်ကို လေလုံသောပုံးထဲတွင် အနည်းဆုံး (၁၄) ရက်ခန့် အချဉ်ဖောက်ထားရန် လိုအပ်ပြီး၊ အရွယ်ရောက် နှမ်းပင်ဖြစ်၍ နွားကျင်ငယ်ရည် ၁ လီတာလျှင် ရေ ၂၀လီတာအထိ (သို့မဟုတ် ၂၀လီတာဆေးဖျန်းပုံးတစ်ပုံးလျှင် ၁လီတာခန့်) ရောစပ်အသုံးပြုရပါမယ်။ ၎င်းသည် နိုက်ထရိုဂျင်နှင့် ပိုတက်ဓာတ် ကြွယ်ဝသဖြင့် အပင်ကို သန်မာကိုင်းဖြာစေသည့်အပြင် စုပ်စားပိုးများကိုလည်း သဘာဝအတိုင်း ကာကွယ်ပေးနိုင်ပါသည်။ ပုံပါပြောင်းလဲနေသော မိုးအုံ့မှိုင်းသည့် ရာသီဥတုအခြေအနေကြောင့် မိုးရေနှင့် မျောပါမသွားစေရန် မိုးစဲချိန် သို့မဟုတ် ညနေခင်းပိုင်းတွင်သာ အချိန်ကိုက် ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။
တောက်လျှောက် ဖျန်းပေးနိုင်ပါတယ်။ နှမ်းသီးတောင့် ကြီးထွားလာတဲ့အဆင့်ထိ နှစ်ပတ် တစ်ကြိမ် ဖျန်းပေးနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းခင်းကအပွင့်ပွင့်တော့မယ်နွားသေးကိုဘယ်လောက်ထည့်ဖြန်းသင့်လဲ ဘယ်နှစ်ရက်ခြားပြီးဖြန်းသင့်လဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းထဲမှာပုံထဲကအတိုင်းဖြစ်နေလို့ဘာဆေးသုံးရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းထဲမှာပုံထဲကအတိုင်းဖြစ်နေလို့ဘာဆေးသုံးရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာနွားသေးကိုဘယ်နှစ်ရက်သားလောက်အထိဖြန်းလို့ရလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာပန်းစပွင့်နေပြီနွားသေးဖြန်းလို့ရသေးလားသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။