စပါးပင်က31ရက်သားပါ။14ရက်သားမှာဆာလဖာပုလဲကျွေးထားပါတယ်။အပင်ကရဲေနလို့ဘယ်ဆေးပက်ရမလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၁ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- ရာသီဥအုံ့မှိုင်း အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
ရေထုတ်လိုက်ပါ။ဂျစ်ဆန်တအိတ်+ကေဟူးမစ်၂ထုတ် ရောပြီး အပင်ခြေပက်ပေးပါ။ ၂ရက်နေမှ ရေပါးပါးပြန်သွင်းပါ။
အကိုရေစပါးပင်နုလို့ပိုးကျတာပါရွှေဆိုက်ပါ ပိုးသတ်ဆေးဖျန်းပြီး ယူရီးယားမြေဩဇာ ပါးပါးလေးပက်ပေးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးအစိုကြဲခင်းကိုဘယ်နှစ်ရက်သားကစပြီး၁ဧကကိုဆေးဘယ်နှစ်ပြည်ကျွေးသင့်လဲခဗျရက်၂၀သားလောက်ကို၁၅ပတ်လည်ဖြစ်ဖြစ်ပုလဲ...
ဖြေကြားချက် 2 ခု
စပါးအစိုကျဲခင်း၃ရက်သားပေါင်းအုပ်ဆေးပတ်လို့အဆင်ပြေပြီလားခဗျတချို့ကစပါးအပင်မပေါက်ခင်ပတ်ရင်စပါးအပင်ပေါက်ပါးတယ်...
ဖြေကြားချက် 4 ခု
မကွေးတိုင်း မြိုင်နယ်အရှေ့ခြမ်းမိုးရွာပါအုံးမလား ပျိုးတောင်မထောင်ရ
ဖြေကြားချက် 1 ခု
ဆရာခင်ဗျာကျွန်တော့လယ်ထဲမှာဆင်းသုခစပါးနဲ့GW11စပါးနှစ်မျိုးကျဲထားပါတယ်စပါးပင်အူတိုင်ပင်အရွက်မှာအဖြူရောင်ရွက်နု...
ဖြေကြားချက် 0 ခု
တစ်ခုလောက်မေးခွင့်ပြုပါဆရာ15ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာမှာအရောင်တစ်မျိုးနဲ့အရောင်သုံးမျိုးစပ်ဆိုပြီးရှိပါတယ်ဆရာ...
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။