အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,748
လွန်ခဲ့သော ၂ လ က · ချောက်

ဆရာခင်ဗျ ခရမ်းနဲ့ ခရမ်းချဥ်အတွက် ရွှေ့စိုက်ပီး 15 ရက်လောက်နေရင် ကြိုတင်ကာကွယ်လို့ရမဲ့ မှိုဆေးလေးညွှန်ပေးပါအူး...

ဆရာခင်ဗျ ခရမ်းနဲ့ ခရမ်းချဥ်အတွက် ရွှေ့စိုက်ပီး 15 ရက်လောက်နေရင် ကြိုတင်ကာကွယ်လို့ရမဲ့ မှိုဆေးလေးညွှန်ပေးပါအူးခင်ဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်

ဖြေကြားချက် ၄ ခု

348,307 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ရောဖျန်းလည်းရသလိုသီးသန့်လည်းဖျန်းနိုင်ပါတယ်၊ ဆေးကုန်ကျစရိတ်သက်သာရန် သီးသန့်ဖျန်းပေးပါခင်ဗျာ၊ရောဂါကျမကျအမြဲစောင့်ကြည့်ပါ

348,307 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

သက်တမ်း ၁၅ ရက်သား ခရမ်းနှင့် ခရမ်းချဉ်စိုက်ခင်းများတွင် မြေဆီလွှာအစိုဓာတ်ကြောင့် ဖြစ်တတ်သော ပင်ခြေပုပ်၊ အမြစ်ပုပ်နှင့် ခါးရိမှိုရောဂါများ စောစီးစွာ ကာကွယ်ရန် အရေးကြီးပါတယ်။ ထိုရောဂါများကို ကြိုတင်တားဆီးနိုင်ရန်အတွက် အရွက်ပေါ်တွင် အကာအကွယ်ပေးမည့် ထိသေမှိုသတ်ဆေး မန်ကိုဇက် (Mancozeb) သို့မဟုတ် ကော့ပါး (Copper Oxychloride) ကို ဖျန်းပါ။အပင်အတွင်းပိုင်းအထိ စိမ့်ဝင်ကာကွယ်ပေးမည့် ပင်လုံးပျံ့မှိုသတ်ဆေး သိုင်အိုဖနိတ်မီသိုင်း (Thiophanate-methyl) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) တစ်မျိုးမျိုးကို အပင်အပေါ်ပိုင်း နှင့်အပင်ခြေမြေကြီးထဲအထိ စိမ့်ဝင်အောင် သေချာပက်ဖျန်း ပေးရပါမယ်။ အပင်နုစဉ်ဖြစ်၍ ဆေးလောင်ခြင်းမရှိစေရန် ဆေးဗူးပါ အညွှန်းအတိုင်း အပင်ငယ်အတွက် အနိမ့်ဆုံးနှုန်းထားကို တိကျစွာ ချင့်ချိန်စပ်ရပါမယ်ခင်ဗျာ။

9,748 လွန်ခဲ့သော ၂ လ က

ဟုတ်ကျေးဇူးပါဆရာ

9,748 လွန်ခဲ့သော ၂ လ က

ဆရာ နှစ်မျိုးရောဖျန်းရမှာလားဗျ mancozed နဲ့ thio- met အလိူရောဖျန်းရမှာလားဆျာမရှင်းလို့ပါဆျာ

You

ဆက်စပ်မေးခွန်းများ

ဆရာခရမ်းချဥ် 39 ရက်သားပါ 36 ရက်သားတုန်းက ရွက်ထွင်းလေးတေ တွေ့လို့ အဘာမက်တင် နဲ့ အစီတာ အနည်းငယ်စီတော့ဖျန်းမိပါ...

ဖြေကြားချက် 0 ခု

ဆရာခင်ဗျ ခရမ်းချဥ် ခရမ်းခေါင် ပဲတောင့်ရှည် အပင်ငယ်စဥ် အဖူးမဝင်ချိန်ထိ အပင်အားဆေး တောနစ် တစ်မျိုးတည်းနဲ့ လုံ...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ ပျိုးသက် ၃၆ ရက်သားပါ အခု ဖော်ယူ လက်ဘက်စားဇွန်း တစ်ဇွန်း ဆိုင်လာလက်ဘက်စားဇွန်း တစ်ဇွန်း ရေ နှစ်လီတာနဲ့...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ Jul 16 ရက်နေ့က မြေချထားတဲ့အပင်လေးတွေ အလိုလေးတေ ၉ပင် ၁၀ ပင်လောက် တွေ့နေရလို့ဗျ ကြည့်ပေးပါအူးဆျာ မိုးမ...

ဖြေကြားချက် 4 ခု

ခရမ်းချဥ် ထိပ်ဖျားကအဝါရောင်ဖျော့ဖျော့ဖစ်နေတယ်ဆရာ ဘာဖစ်တာလဲဖြေကြားပေးပါဦး

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။