အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,744
လွန်ခဲ့သော ၂ လ က · ချောက်

ဆရာခင်ဗျ Jul 16 ရက်နေ့က မြေချထားတဲ့အပင်လေးတွေ အလိုလေးတေ ၉ပင် ၁၀ ပင်လောက် တွေ့နေရလို့ဗျ ကြည့်ပေးပါအူးဆျာ မိုးမ...

ဆရာခင်ဗျ Jul 16 ရက်နေ့က မြေချထားတဲ့အပင်လေးတွေ အလိုလေးတေ ၉ပင် ၁၀ ပင်လောက် တွေ့နေရလို့ဗျ ကြည့်ပေးပါအူးဆျာ မိုးမရွာလို့ ရေအမြဲလောင်းပေးနေရတယ်ဆျာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image

ဖြေကြားချက် ၄ ခု

348,301 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ခရမ်းချဉ်အပင်ငယ်များတွင် ဖြစ်ပွားနေသော ရောဂါမှာ မြေဆောင်မှိုများကြောင့် ဖြစ်ရသည့် ခါးရိရောဂါ (Damping-off Disease) ဖြစ်ပါတယ်။ မိုးမရွာသဖြင့် အပင်ခြေကို ရေအမြဲလောင်းပေးရာမှ ရေဝပ်ခြင်းနှင့် အစိုဓာတ်လွန်ကဲခြင်းတို့ကြောင့် မှိုပိုးများ ပိုမိုပေါက်ဖွားကာ အပင်ခြေ ညိုမည်းပုပ်ပြီး လဲကျလာခြင်းဖြစ်ပါတယ်။ ရောဂါရအပင်များကို ချက်ချင်းနှုတ်ယူမီးရှို့ဖျက်ဆီးပါ၊ ရေလောင်းနှုန်းကို လျှော့ချပြီး မနက်စောစောပိုင်းတွင်သာ လောင်းပေးပါ။ ထို့နောက် ကျန်ရှိသော ကျန်းမာသည့်အပင်များထံ ကူးစက်မှုတားဆီးရန်အတွက် Fosetyl-Al,Hymexazol, (Metalaxyl) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေနှင့် မြေဆီလွှာထဲသို့ စိမ့်ဝင်အောင် ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။

9,744 လွန်ခဲ့သော ၂ လ က

ဟုတ်ကဲ့ဆရာခင်ဗျ ကျေးဇူးအထူးပါခင်ဗျ

348,301 လွန်ခဲ့သော ၂ လ က

ပျိုးပင်သက်တမ်း ၃၆ ရက်ရှိပြီး မြေချစိုက်ပျိုးပြီး ၄ ရက်သာရှိသေးသော အပင်ငယ်များသည် သဘာဝအရ မြေထိုင်စပြုဆဲ အမြစ်သစ်ကူးပြောင်းဆဲကာလ ဖြစ်သဖြင့် အလွန်နုနယ်ပြီး မှိုရောဂါဒဏ်ကို မခံနိုင်သေးပါဘူး။ မိုးမရွာသော်လည်း ပတ်ဝန်းကျင် စိုထိုင်းဆနှင့် ပူအိုက်စိုစွတ်မှုကြောင့် မြေဆောင်မှိုများ ပိုမိုထကြွလာခြင်းဖြစ်ပါတယ်။ လက်ရှိတွင် မက်တယ်လပ်ဆီး (Metalaxyl) ရှိနေပြီးဖြစ်၍ ၎င်းဆေးကို အသုံးပြုနိုင်သော်လည်း မြေချပြီးစ အပင်ငယ်များဖြစ်သဖြင့် ဆေးအချိုးအစားကို ပုံမှန်ထက် အနည်းငယ်လျော့၍ အပင်ခြေပတ်လည် မြေဆီလွှာထဲသို့ စိမ့်ဝင်အောင် ညနေပိုင်းကိုရှောင်၍ မနက်စောစောပိုင်းတွင်သာဖျော်စပ်ဖျန်းရပါမယ်။ ရေလောင်းရာတွင် အစိုဓာတ်မလွန်ကဲစေရန် သတိပြုပေးပါဗျ။ Metalaxy ‌ဆေးထုပ်မှာ အနိမ့်ဆုံးနှုန်းထားပါပါလိမ့်မယ်ခင်ဗျာ၊ ဆေးထုပ်မှာအနိမ့်ဆုံးနှုန်းထားအတိုင်းဖျော်စပ်ပေးပါခင်ဗျာ။

9,744 လွန်ခဲ့သော ၂ လ က

16 ရက်နေ့ကမြေချထားတာဆရာ ဒီနေ့မှ 20 ပဲရှိသေးတယ် ပျိုးပင်သက်က 36 ရက် အားလုံးရက် ၄၀ / မက်တလဇီးတော့ရှိတယ်ဗျ အပင်လောင်မှာလဲ စိုးတယ် မိုးကလဲ စိုက်ပီးကတည်းကလုံးဝမရွာဘူးဆျာ အချိန်ရရင်အကြံထပ်ပေးပါအးးဆျာရေ....

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။