အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,469
လွန်ခဲ့သော ၂ လ က · ကျောင်းကုန်း

တစ်ခုလောက်မေးခွင့်ပြုပါဆရာရေမြုပ်တဲ့စပါး‌တွေရေပြန်ကျပေမဲ့စပါးခင်းထဲမှာရေညိတွေအများကြီးရှိနေပါတယ်စပါးပင်ရှင်သန်...

တစ်ခုလောက်မေးခွင့်ပြုပါဆရာရေမြုပ်တဲ့စပါး‌တွေရေပြန်ကျပေမဲ့စပါးခင်းထဲမှာရေညိတွေအများကြီးရှိနေပါတယ်စပါးပင်ရှင်သန်နိုင်အောင်ရေညိတွေကိုဘယ်လိုနှိမ်နှင်းရမလဲဆိုတာရယ်စပါးပင်တွေကိုဘယ်လိုရှင်သန်အောင်ဆက်လက်ပြုစုရမလဲဆိုတာအကြံပေးကြပါအုံးခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၃ ခု

9,469 လွန်ခဲ့သော ၂ လ က

ကျေးဇူးပါခင်ဗျ

348,301 လွန်ခဲ့သော ၂ လ က

သက်တမ်း ၅၀ ရက် ရှိပြီဖြစ်သော စပါးခင်းတွင် နေသာသောရာသီဥတုကြောင့် ရေညှိများ အလွန်အမင်း ပွားများလာပါက စပါးပင်ငယ်များ၏ အလင်းနှင့် အာဟာရစုပ်ယူမှုကို ပိတ်ဆို့စေပါတယ်။ ဖြေရှင်းရန် အထိရောက်ဆုံးနည်းလမ်းမှာ စပါးခင်းအတွင်းရှိ ရေကို ကုန်စင်အောင် ထုတ်ပစ်ပြီး မြေမျက်နှာပြင် အနည်းငယ် ပတ်ကြားအက်သည်အထိ (၃ ရက်မှ ၅ ရက်ခန့်) နေလှန်းပေးခြင်း ဖြစ်ပါတယ်။ ရေညှိများ ထူထပ်လွန်းပါက (Copper Sulfate) ကို တစ်ဧကလျှင် ၁-၂ ကီလိုဂရမ်နှုန်း သဲနှင့်ရော၍ ပက်ကြဲနှိမ်နင်းနိုင်ပြီး၊ ရေညှိများ သေဆုံးသွားပြီးမှသာ ရေအနက်နည်းနည်းချင်း ပြန်သွင်း၍ စပါးပင်အားဆေးနှင့် မြေသြဇာများကို ပြန်လည်ကျွေးမွေး ပြုစုရပါမယ်ခင်ဗျာ။(Copper Sulfate)ကိုဝယ်ယူ၍မရပါက ရေညှိများကို နှိမ်နင်းရာတွင် Copper hydroxide သို့မဟုတ် Copper oxychloride အစားထိုးအသုံးပြုရပါမယ်။ သို့သော် သုံးစွဲရာတွင် စပါးပင်များ ဆေးလောင်မှုမရှိစေရန်အတွက် ဆေးဘူးပါ အညွှန်းအတိုင်း နှုန်းထားကို တိကျစွာဖျန်းရပါမယ်။ ဆေးမဖျန်းမီ စပါးခင်းထဲမှ ရေကို အတတ်နိုင်ဆုံး ထုတ်ပစ်ပြီး ရေညှိများ ပေါ်နေချိန်တွင် ရေညှိများပေါ် တိုက်ရိုက်ထိမှန်အောင် ပက်ဖျန်းပေးခြင်းဖြင့် အကောင်းဆုံးအာနိသင်ကို ရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ လ က

ပုံရိုက်ပြပါ။ရေညှိလား?ပကန်လား? ကွဲပြားအောင်လေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။