အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,744
လွန်ခဲ့သော ၂ လ က · ချောက်

အလောက်ကြီးကျလွန်တာပေါ့ဆရာရေ အခုမနက် ဆရာညွှန်တဲ့အတိုင် မတလဇီးတစ်မျိုးတည်း ရေ ၂၀ လီတာ ဆေးဖျန်းပုံးတစ်ပုံးကို ၄...

အလောက်ကြီးကျလွန်တာပေါ့ဆရာရေ အခုမနက် ဆရာညွှန်တဲ့အတိုင် မတလဇီးတစ်မျိုးတည်း ရေ ၂၀ လီတာ ဆေးဖျန်းပုံးတစ်ပုံးကို ၄ ဇွန်းထည့်ပီး ခရမ်းချဥ်အပင်ခြေ ဖျန်းတာ အလိုကောင်တွေ အများကြီး ထပျံတာ တွေ့ခဲ့ရတယ်ဆရာ တစ်ပင်ကိုအနည်းဆုံး ၁၀ ကောင်ကျော်မယ်ဆျာ မရှိတဲ့အပင်မရှိသလောက်ပဲဆရာ တစ်နှစ်မှမကြုံဖူးဘူးဆရာ အပင်ပေါ်မှာမဟုတ်ပဲ အပင်ခြေမြေကြီးပေါ်မှာဆျာ အခု မတလဇီး ဖျန်းတော့ ထပျံကုနိတယ်ဆရာ တစ်ချို့က အပင်ပေါ်ရောက်ကုန်တယ် ခရမ်းခေါင်းမှာကျမတွေ့ရဘူးဆရာ အဲ့ပိုးတေက ခရမ်းချဥ်အတွက် ဒုက္ခပေးနိုင်လားဆရာ အခုမှ မြေချစိုက်တာ 6 ရက်သားပဲရှိသေးတ.ယ်ဗျ အပင်နုသေးတော့ဆရာမညွှန်ပဲ ဘာပိုးသတ်ဆေးမှမဖျန်းပါဘူးခင်ဗျ မြေမချခင် 14 ရက်နေ့တုန်းကတော့ ဆိုင်လာနဲ့ အဘာမက်တင်ဖျန်းထားတယ်ဗျ အချိန်ရမှ ဖြေပေးပါဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၁၇ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ပြည့်စုံစွာသိရအောင်၊အောက်က စာတန်းနှိပ်ဖတ်ပေးပါ။ ခရမ်းချဉ် စုပ်စားဂျပိုးပါ။ခရမ်းချဥ် စုပ်စားဂျပိုးအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်း

137 လွန်ခဲ့သော ၂ လ က

ဆေးမပျင်းတယ် စုတ်စားပိုးဆေးလေ့ဖျန်းပေးပါနော်

137 လွန်ခဲ့သော ၂ လ က

အပင်ငယ်သေးတယ်

137 လွန်ခဲ့သော ၂ လ က

ဆေးသိပ်မဖျန်းပါနဲ့အုန်းဗျ

348,301 လွန်ခဲ့သော ၂ လ က

ရပါတယ်ဗျ၊ နောက်ထပ်ပို့စ်အသစ်ထပ်တင်မေးပေးပါ၊ဖြေကြားမှုများသွားရင် ဝင်ကြည့်ရတာခက်သွားလို့ပါဗျ

9,744 လွန်ခဲ့သော ၂ လ က

အဆို ဆိုင်လာကိုရေ ၂၀ လီတာ ဆေးပုံးကို တစ်ဇွန်းပဲ ထည့်ရမှာပေါ့ဆရာ

9,744 လွန်ခဲ့သော ၂ လ က

ဘယ်နေ့လောက်ဖျန်းရမလဲဆျာ အခုညနေရောဖျန်းလို့ရလားဆရာ

9,744 လွန်ခဲ့သော ၂ လ က

စစ်သူကြီး / ဖော်ယူ / ပရိုမက်တင် / ဆိုင်လာ / အစီဖိတ် /အစီတာမီပရစ် / ဆမ်း အဲ့ဆေးတွေတော့ရှိပါတယ်ဆရာ အသင့်တော်ဆုံးနဲ့အကောင်းဆုံးဆေးကိုညွှန်ပေးပါအူးဆရာ အဲ့ကောင်တွေဆေးယဥ်သွားမှာလဲစိုးတယ်ဆရာ😌

9,744 လွန်ခဲ့သော ၂ လ က
9,744 လွန်ခဲ့သော ၂ လ က

အခုပြထားတဲ့ဆေး တွေရယ် နောက်ထပ် အင်မီဒါကလိုပရစ် / ဆမ်း / အစီတာမီပရစ် စတဲ့ဆေးတွေတော့ရှိပါတယ်ဆရာ ဘယ်ဆေးကိုရွေးသင့်လဲဆရာ ပြီးတော့အခုမနက်မှ မတလဇီး ဖျန်းထားတော့ ဘယ်ချိန်မှာ ဖျန်းဖို့လိုမလဲဆရာ Lambda - cyhalothrin အုပ်စုလဲ ရှိပါတယ်ဆျာ ဆရာညွှန်တဲ့ဆေးပဲဖျန်းမှာပါဆရာ ပျိုးပင်တုန်းကတော့ အစီတာမီပရစ်နဲ့အဘာမက်တင် ဖျန်ထားတယ်ဗျ reply လေးမျှော်နေပါမယ်ဆရာ

348,301 လွန်ခဲ့သော ၂ လ က

ဆိုင်လာရှိ သေးရင် ဆိုင်လာထပ်ဖျန်းလိုက်ပါ

348,301 လွန်ခဲ့သော ၂ လ က

အီးစီဖော်မြူလာဖြစ်လို့ဖော်ယူမဖျန်းသေးဘဲ အခြား ဆေးများရှိသေးလား

9,744 လွန်ခဲ့သော ၂ လ က
9,744 လွန်ခဲ့သော ၂ လ က
348,301 လွန်ခဲ့သော ၂ လ က

မြေချစိုက်ပြီး ၆ ရက်သား ခရမ်းချဉ်အပင်ခြေမှ ထပျံလာသော အကောင်သည် ခရမ်းချဉ်စုပ်စားဂျပိုး (Tomato Suck Bug / Engytatus modestus) ဖြစ်ပြီး ၆ ရက်သား အပင်နုအဆင့်တွင် အပင်ခြေ၌ ကောင်ရေအများကြီး ကျရောက်လာခြင်းသည် အပင်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ၎င်းတို့သည် မြေကြီးထဲတွင် ခိုအောင်းနေပြီး ဆေးဖျန်းသည့်အခါ အပင်ပေါ်သို့ တက်ကာ ပင်စည်၊ အညွန့်နှင့် အရွက်နုများမှ အပင်ရည်ကို စုပ်ယူစားသောက်ခြင်းဖြင့် အပင်ကို ကြွပ်ဆတ်ကျိုးလွယ်စေပြီး ပန်းပွင့်၊ အသီးကင်းများကို ကြွေကျစေတတ်ပါတယ်။စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို သန့်ရှင်းအောင် ရှင်းလင်းထားရပါမယ်။ခရမ်းချဉ်စုပ်စားဂျပိုးကို ထိရောက်စွာ နှိမ်နင်းရန်အတွက် ပိုး၏ လျှင်မြန်စွာ ရွေ့လျားနိုင်မှုနှင့် အပင်သစ်ရည်စုပ်ယူမှု သဘောသဘာဝအရ ပင်လုံးပျံ့ နှင့် ထိသေ/စားသေ ပိုးသတ်ဆေး များကို ပေါင်းစပ် သို့မဟုတ် အလှည့်ကျ သုံးစွဲရပါမယ်။ Imidacloprid, Acetamiprid တို့သည် အပင်အတွင်း စိမ့်ဝင်ပျံ့နှံ့ပြီး စုတ်စားပိုးများကို ရေရှည်ကာကွယ်ပေးနိုင်သလို၊Lambda-cyhalothrin, Bifenthrin တို့သည် ရင့်ပြီး ပိုးကောင်ကြီးများကို ချက်ချင်းကျသေစေသည့် အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။ ထို့ပြင် ဆေးယဉ်ပါးမှု ကာကွယ်ရန်အတွက် Acephate ဖြင့် အလှည့်ကျ စနစ်တကျ သုံးစွဲရန် လိုအပ်ပါတယ်။ စိုက်သက် ၆ ရက်သား အပင်နုချိန်တွင် ရွက်ဖျန်းဆေး ဖျန်းပါက ဆေးလောင်ဒဏ်ရာ အလွယ်တကူ ရရှိနိုင်သဖြင့် ပုလင်းညွှန်းစာပါ အချိုးအစား၏ တစ်ဝက်ခွဲ (၅၀%) အချိုးဖြင့်သာ စတင်သုံးစွဲရပါမယ်။ ရွက်ဖျန်းပိုးဆေး သုံးစွဲမည်ဆိုပါကလည်း ဓာတ်ဆီ/အဆီအခြေခံ (EC) ဆေးပုံစံများကို အထူးရှောင်ကြဉ်ပြီး ရေပျော်ဆေး အမှုန့်အခဲ (WG/WP/SC) ဖော်မြူလာများကိုသာ ညနေခင်းအချိန်တွင် ဖျန်းပေးရပါမယ်။စာရေးတာများသွားရင် အချိန်ရမှ ဖတ်ပေးပါခင်ဗျာ၊နားမလည်တာရှိလည်း ထပ်မေးပါ

9,744 လွန်ခဲ့သော ၂ လ က

ဟုတ်ကဲ့ပါဆရာခင်ဗျ ဆေးဖျန်းဖို့လိုပီလားခင်ဗျအပင်နုသေးတော့မဖျန်းရဲဘူးဆရာ

9,744 လွန်ခဲ့သော ၂ လ က
You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။