ဖြေကြားချက် ၁ ခု
ခရမ်းချဉ်သီး အရွယ်အစားကြီးထွားပြီး အရည်အသွေးကောင်းမွန်စေရန်အတွက် အသီးစတင်တည်ချိန်မှစ၍ ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ်ဓာတ်ကို အဓိကထားကျွေးရပါမယ်။ နိုက်ထရိုဂျင်ပါဝင်မှုနည်းပြီး ပိုတက်ဆီယမ်ဓာတ်မြင့်မားသော NPK (15:15:30) သို့မဟုတ် ရွက်ဖျန်းပိုတက်ဆီယမ် (0:0:50) မြေဩဇာကို သုံးစွဲပေးရပါမယ်။ ထို့ပြင် အသီးဆဲလ်များကို သဘာဝအတိုင်း ပိုမိုပွါးများကြီးထွားစေရန်အတွက် ပင်လယ်ရေမှော်အနှစ် (Seaweed Extract) ဟော်မုန်းကို ဖျန်းပေးရမည်ဖြစ်ပြီး၊ အသီးပုပ်ခြင်းနှင့် ကွဲခြင်းမှ ကာကွယ်ရန် ကယ်လ်စီယမ်နှင့် ဘိုရွန် (Ca+B) ကိုပါ ပူးတွဲဖျန်းပေးရပါမယ်။ ဓာတ်မြေဩဇာအပြင် အပင်အောက်ခြေမှ အရွက်ဟောင်းများကို ခြွေပေးခြင်း၊ အခိုင်လိုက်ပြွတ်ခဲနေသော အသီးငယ်များကို ခြွေထုတ်ပေးခြင်းနှင့် ရေကို မှန်မှန်ပေးသွင်းခြင်း စသည့် စိုက်ပျိုးရေးအလေ့အထကောင်းများကိုပါ ပူးတွဲလုပ်ဆောင်မှသာ အသီးကြီးထွားပြီး အထွက်နှုန်း စုံလင်ကောင်းမွန်မှာဖြစ်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ် ထိပ်ဖျားကအဝါရောင်ဖျော့ဖျော့ဖစ်နေတယ်ဆရာ ဘာဖစ်တာလဲဖြေကြားပေးပါဦး
ဖြေကြားချက် 4 ခု
ဆရာခင်ဗျ Jul 16 ရက်နေ့က မြေချထားတဲ့အပင်လေးတွေ အလိုလေးတေ ၉ပင် ၁၀ ပင်လောက် တွေ့နေရလို့ဗျ ကြည့်ပေးပါအူးဆျာ မိုးမ...
ဖြေကြားချက် 4 ခု
ဆရာခင်ဗျ ခရမ်းနဲ့ ခရမ်းချဥ်အတွက် ရွှေ့စိုက်ပီး 15 ရက်လောက်နေရင် ကြိုတင်ကာကွယ်လို့ရမဲ့ မှိုဆေးလေးညွှန်ပေးပါအူး...
ဖြေကြားချက် 4 ခု
နွားချေးနှင့်နှမ်းဖတ်ကို၁၀ခန့်ရေစိမ်ပြီးခရမ်ချဥ်ပင်ဖျန်းလို့ရလားရဆရာမိဘတေွကတော့အရင်တုန်းကနေခုထိဖျန်းေနတာအချိုး...
ဖြေကြားချက် 2 ခု
မကွေးတိုင်းချောက်မြို့နယ်က မိုးမရွာတော့ဘူးလားဆျာရေ မိုးမျှော်နေရတာ လည်တေလဲရှည်နေပီ အပင်တေလဲ ငိုနေပီ😌
ဖြေကြားချက် 2 ခု