အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,314
လွန်ခဲ့သော ၁ လ က · တောင်တွင်းကြီး

စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုး ရေ စပါး

ဖြေကြားချက် ၃ ခု

1,314 လွန်ခဲ့သော ၁ လ က

ကျေးဇူးပါခင်ဗျ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၁ လ က

စပါးပင်ကိုကောက်စိုက်ချိန်မှာရေစပ်စပ်နဲ့စိုက်လေ့ရှိတယ်စိုက်ပြီးတစ်ပတ်ခန့်ကြာရင်အပင်များအသစ်ထွက်ပြီးထောင်လာရင်ရေအနည်းငယ်(တစ်လက်မ) ခန့်သွင်းပေးပါနောက်တစ်ပါတ်ကြာရင်နှစ်မှသုံးလက်မခန့်သွင်းထားပါအပင်ပွားများများထွက်စေပါတယ်နောက်ပိုင်းဖုံးလုံးချိန်တွင်ရေးများသွင်းထားပါနောက်ပိုင်းတွင်ပေါင်းသက်သာစေတယ်စပါးပင်နို့ရေတယ်ပြီးရေစထုပ်ပါ

348,307 လွန်ခဲ့သော ၁ လ က

စပါးစိုက်ပြီး အပင်ငယ်စဉ်တွင် ရေ၁လက်မခန့်လောက်သာ အထုတ်အသွင်းပြုလုပ်ပေးသင့်ပြီး ၂ ပတ်ခန့်အကြာတွင် ရေကို ၂ လက်မခန့် အမြဲသွင်းထားရမည်ဖြစ်ပြီး၊ ရေသွင်းရေထုတ်တစ်လှည့်စီ ပြုလုပ်နိုင်ပါသည်။ သို့သော် စပါးအနှံသန္ဓေတည်ချိန်မှို့ကပ်ချိန်မှ ပန်းပွင့်ပြီး ၁ ပတ်အထိ ကာလတွင်မူ ရေကို လုံးဝမပြတ်စေဘဲ ၂ လက်မအမြဲ လှောင်ထားရမည်ဖြစ်ပြီး၊ ရိတ်သိမ်းခါနီး ၁ ပတ်အလိုတွင် ရေကို အကုန်ပြန်ထုတ်ပေးရပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။