အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးခိုင်မင်းဇော်
လွန်ခဲ့သော ၂ လ က

ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ

စိုက်ပျိုး ဗဟုသုတ ငွေပန်း

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 468,457 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ရွှေပန်းပင်တွင် အဖိုပင်၊ အမပင်ဟူ၍ သီးသန့်ခွဲခြားမရှိဘဲ ပန်းပွင့်တစ်ပွင့်ချင်းစီတိုင်းတွင် အဖိုအင်္ဂါနှင့် အမအင်္ဂါ နှစ်မျိုးစလုံး ပါရှိသည့် စုံလင်ပန်းအမျိုးအစား ဖြစ်ပါတယ်။ အိမ်ရှိအပင်များ တခြားသူများ၏အပင်ကဲ့သို့ အပွင့်မပွင့်ရခြင်းမှာ အပင်အမျိုးအစားကြောင့် မဟုတ်ဘဲ ပြုစုစောင့်ရှောက်မှု လိုအပ်ချက်ကြောင့်ပါ။ ရွှေပန်းပင်သည် နေရောင်ခြည် (တစ်နေ့လျှင် အနည်းဆုံး ၄-၆ နာရီ) ကို ရရှိတာကိုအလွန်နှစ်သက်ပြီး၊ နိုက်ထရိုဂျင်လွန်ကဲသော မြေသြဇာများ ကျွေးမိပါက အရွက်သာသန်ပြီး အပွင့်နည်းတတ်ပါတယ်။ ထို့ကြောင့် အပွင့်အားကောင်းစေရန် ဖော့စဖရပ်နှင့် ပိုတက်စီယမ် ပါဝင်သော မြေသြဇာကို ပြောင်းကျွေးခြင်း(သို့မဟုတ်) ၁၅-၁၅-၁၅ ကွန်ပေါင်းမြေသြဇာ ကို ပြောင်းလဲကျွေးပေးပါ။ တီကောင်ချေးနှင့် နွားချေးဆွေးတို့ကိုလည်း မြေခံးအဖြစ် ထည့်ပေးနိုင်ပါတယ်၊ ရေဝပ်ခြင်းမရှိစေဘဲ မြေအစိုဓာတ် ပုံမှန်ထိန်းပေးခြင်းနှင့် ဥများ ကျပ်ညပ်နေပါက ဥခွဲ၍ ခပ်ကျဲကျဲ ပြန်စိုက်ပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။

ဦးခိုင်မင်းဇော်
ဦးခိုင်မင်းဇော် 204 လွန်ခဲ့သော ၂ လ က

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ငွေပန်းထွက်လာတဲ့အတက်သေးပီးအပင်တွေမျှင်နေလို့ အပင်တုတ်၊အပင်ကြီးအောင်ဘာဓာတ်မြေဩဇာသုံးရမလဲပုံမှန်၁၅ပတ်လည်တော့သုံး...

ဖြေကြားချက် 1 ခု

ရွှေပန်းငွေပန်းခင်း အမြစ်ကနေဉထိပုပ်ပီးအပင်တွေနွမ်းလာပါတယ် ဘာရောဂါလဲဗျ ထရိုက်ကိုဒါးမားသုံးရင်ရနိုင်မလားသိချင်ပါ...

ဖြေကြားချက် 3 ခု

ခရုခွံကို ကြက်ဥခွံကနေ ကယ်ဆီယမ်ထုတ်သလိုမျိုး လုပ်လို့ရလားဗျ။

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။