အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ဇော်ထွန်း
လွန်ခဲ့သော ၁ လ က · ကွမ်းခြံကုန်း

ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား

မြေဆီလွှာ ခရမ်းချဉ်

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,121 လွန်ခဲ့သော ၁ လ က

သဲများပေမယ့်၊သဲနုန်းဆန်တယ်ဆိုရင်ရပါတယ်။သဲမြေသီးသန့်ဆိုရင်တော့၊သဘာဝမြေဩဇာ များများထည့်ပြီးစိုက်နိုင်ပါတယ်။

သော်ဇင်
သော်ဇင် 453,489 လွန်ခဲ့သော ၁ လ က

ခရမ်းချဉ်သီး စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ နုန်းမြေပွ သို့မဟုတ် သဲနုန်းမြေ ဖြစ်သောကြောင့် ရေနှင့် အာဟာရဓာတ် ထိန်းသိမ်းမှုအားနည်းသည့် သဲမြေသက်သက်သည် ယေဘုယျအားဖြင့် အဆင်မပြေနိုင်ပါဘူး။ သို့သော်လည်း သဲမြေတွင် စိုက်ပျိုးလိုပါက နွားချေးဆွေးနှင့် သစ်ရွက်ဆွေးကဲ့သို့သော သဘာဝမြေဩဇာများကို အမြောက်အမြားထည့်၍ မြေပြုပြင်ပေးရန် လိုအပ်ပါတယ်။ ထို့ပြင် ရေကို နည်းနည်းနှင့် ခဏခဏ လောင်းပေးခြင်း၊ ဓာတ်မြေဩဇာကို အကြိမ်ရေခွဲ၍ စနစ်တကျကျွေးခြင်းနှင့် အစိုဓာတ်ထိန်းရန် ကောက်ရိုးဖြင့် မြေဖုံးပေးခြင်းတို့ကို လုပ်ဆောင်လျှင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။တောင်သူဦးကြီးမြေက သဲချည်းရှိသည့် သဲ‌ဆန်မြေလား၊ သဲနုန်းမြေလားခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။