အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Zar
Ko Zar 9
လွန်ခဲ့သော ၅၇ မိနစ် က · မြောင်

ဝက်ခြံကို အပူလွန်ကဲတဲ့ဒဏ်ကိုကာကွယ်အောင်ဘာတွေကြိုပြင်ဆင်သင့်လည်း

ခြံစီမံခန့်ခွဲမှု ဝက်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 356,299 လွန်ခဲ့သော ၇ မိနစ် က

ဝက်များသည် ချွေးဂလင်းမရှိသလောက် နည်းပါးသဖြင့် အပူဒဏ်ကို အလွန်ခံရခက်ပြီး စိတ်ဖိစီးမှုမှတစ်ဆင့် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ အပူလွန်ကဲခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ဝက်ခြံအမိုးပေါ်တွင် သက်ကယ်/ကောက်ရိုးအုပ်ခြင်း သို့မဟုတ် အပူခံဆေးသုတ်ခြင်းဖြင့် အပူရှိန်ကို လျှော့ချရပါမယ်။ ခြံတွင်းလေဝင်လေထွက် ကောင်းမွန်စေရန် ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်များကို ရှင်းလင်းပြီး ပန်ကာများ ကြိုတင်တပ်ဆင်ထားသင့်တယ်။ ထို့ပြင် နေ့လယ်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ကြဉ်၍ မနက်စောစောနှင့် ညနေပိုင်းတွင်သာ ကျွေးရန်၊ နေရောင်တိုက်ရိုက်မကျသော အေးမြသည့် သောက်ရေပေးရန်နှင့် ဝက်ကောင်ရေ ထူထပ်မှုကို လျှော့ချထားရန် လိုအပ်ပါတယ်။ မိမိသိသလောက်အမြင်ကို မျှဝေပေးခြင်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။