ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
ဂန္ဓမာပင်သည် အဖူးကပ်သွားပါက မျိုးပွားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ အောက်ခြေမှ အရွက်သစ်များ ထပ်မံထွက်ရှိလာရန် မရှိသလောက် နည်းပါးသွားပြီ ဖြစ်ပါတယ်။ ထို့ပြင် အဖူးငုံပြီးနောက် အပင်အမြင့်တက်ခြင်း ရပ်တန့်သွားတတ်သဖြင့် အရပ်ကို သိသိသာသာ ပြန်ရှည်အောင် လုပ်ရန် ခက်ခဲသော်လည်း လက်ရှိအခြေအနေတွင် Gibberellic Acid (GA3) ဟော်မုန်း သို့မဟုတ် နိုင်ထရိုဂျင်ဓာတ်မြင့်မားသော ရွက်ဖျန်းမြေဩဇာ အနည်းငယ် ဖျန်းပေးခြင်းဖြင့် အဖူးတံများကို အနည်းငယ် ဆွဲဆန့်ပေးနိုင်ပါတယ်။ ထို့အပြင် မြေဆီလွှာ အစိုဓာတ်ကို မှန်မှန်ထိန်းပေးခြင်းနှင့် ညဘက်မီးသီးထွန်း၍ အလင်းရောင်ပေးချိန် ဆွဲဆန့်ပေးခြင်းဖြင့် အပင်ပုခြင်းကို အနည်းငယ် သက်သာစေနိုင်ပါတယ်။ နောင်တစ်ကြိမ်တွင် အပင်ပုမသွားစေရန် အပင်သက်တမ်း (၂) လခွဲအထိ ညဘက်မီးထွန်းပြီး အရပ်အရင်မွေးရန် လိုအပ်ပါတယ်
ဆက်စပ်မေးခွန်းများ
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
ဖြေကြားချက် 3 ခု
ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီး...
ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခ...
ဖြေကြားချက် 2 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေး...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။