ဖြေကြားချက် ၃ ခု
ဆောင်းရာသီ (မိုးနှောင်း) တွင် နှမ်းစိုက်ပျိုးမည်ဆိုပါက ရာသီဥတုအအေးဒဏ်နှင့် ဆောင်းခိုက်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး မြေတွင်းလက်ကျန်အစိုဓာတ်ဖြင့် ဖြစ်ထွန်းနိုင်မည့် ဆင်းရတနာ (၂)၊ ဆင်းရတနာ (၃)၊ ဆင်းရတနာ (၄) ကဲ့သို့ ရာသီမရွေးစိုက် နှမ်းမျိုးများနှင့် သက်တမ်း ၇၀-၈၀ ရက်ခန့်သာ ရှိသော ဆင်းရတနာ (၈)၊ ဆင်းရတနာ (၉)၊ ဆင်းရတနာ (၁၂) ကဲ့သို့ သက်တမ်းတို နှမ်းဖြူမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ဒေသအလိုက် ဂျပန်နှမ်းဖြူ သို့မဟုတ် မိုးနှောင်းနှမ်းမျိုးကြီးများကိုလည်း စိုက်ပျိုးနိုင်ပြီး၊ အအေးဒဏ်ကြောင့် အထွက်နှုန်းမကျစေရန် အောက်တိုဘာလမှ နိုဝင်ဘာလဆန်းပိုင်းအတွင်း အမှီစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ မိမိ နှမ်းမျိုးဝယ်ယူမည့်သူထံမှာ မျိုးအကြောင်း သေချာလေးစုံစမ်းမေးမြန်းပြီးမှဝယ်ယူဖို့အကြံပြုပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်မြေဩဇာတကြိမ်တော့ပတ်ထား...
ဖြေကြားချက် 10 ခု
နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လိုအကေါင်က ပေါက်တာလဲ
ဖြေကြားချက် 1 ခု
နှမ်းပင်းပေါက်လေတွေပါ ပုံထဲကလို့ ပိုးလေးတွေကျနေလိုပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးအမျိုးအစားလဲ ဘယ်လိုအကောင်က...
ဖြေကြားချက် 1 ခု
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
ဖြေကြားချက် 1 ခု
နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ