အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko thant
ko thant 18
လွန်ခဲ့သော ၁ နာရီ က · ပန်းတနော်

ဘာဆေးဖျန်းသင့်ပါသလဲ။အပင်တေလဲညိုးသေနေပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 361,155 လွန်ခဲ့သော ၂၇ မိနစ် က

ဓာတ်ပုံပါ ကွမ်းရွက်တွင် အရွက်အနားသတ်များ ညိုမဲခြောက်သွေ့ပြီး ရေစိုနာကဲ့သို့ ဖြစ်နေသည့် လက္ခဏာမှာ ကွမ်းတွင် အဖြစ်များသော ဘက်တီးရီးယားရွက်ပြောက် (ခေါ်) ဆီစွန်းရောဂါ ကျနေတာပါ။ ၎င်းကို ကုသရန်အတွက် ကော့ပါးအခြေခံမှိုသတ်ဆေး(Copper hydroxide, Copper oxychloride) သို့မဟုတ် Kasugamycin သို့မဟုတ် Bismerthiazole သို့မဟုတ်Oxolinic acid ကဲ့သို့သော ရောဂါကာကွယ်သတ်ဆေးများကို အညွှန်းစာပါအတိုင်း ပက်ဖျန်းပေးရပါမယ်။ တစ်ပြိုင်နက်တည်းမှာပင် ရောဂါရနေသော အရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးပစ်ရန်၊ ယူရီးယားမြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ရန်နှင့် ကွမ်းခြံအတွင်း လေဝင်လေထွက်ကောင်းအောင် အရွက်ဟောင်းများ ရှင်းလင်းပေးရန် လိုအပ်ပါတယ်။ရောဂါဖြစ်ပွားနေစဉ်အတွင်း အရွက်များပေါ်သို့ ရေတိုက်ရိုက်ကျရောက်အောင် ပက်ဖျန်းရေလောင်းခြင်းကို ရှောင်ကြဉ်ပြီး အပင်ခြေကိုသာ အစိုဓာတ်ရရုံ လောင်းပေးပါ။

You

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာ...

ဖြေကြားချက် 2 ခု

ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရ...

ဖြေကြားချက် 3 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့...

ဖြေကြားချက် 3 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေး...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။