အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးဇာနည်
လွန်ခဲ့သော ၃ နာရီ က · ကြံခင်း

ဘာဆေးဖျန်းသင့်လည်း

အပင်အာဟာရ ပဲပုပ်
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 364,313 လွန်ခဲ့သော ၂ နာရီ က

ပုံပါပဲပုပ်ခင်းတွင် အရွက်များ တွန့်လိပ်ခြင်းနှင့် မျက်နှာပြင်မညီညာခြင်းများမှာ လှေးပိုး၊ ယင်ဖြူ၊ ပျပိုးကဲ့သို့ စုပ်စားပိုးများ ကျရောက်နေသည့် လက္ခဏာဖြစ်ပါတယ်။ ယင်းကို ကာကွယ်ရန် ပေါင်းမြက်များကို စနစ်တကျ ရှင်းလင်းပေးခြင်း၊ ပိုးမွှားစတင်ချိန်တွင် တမာဆီ (Neem Oil) ကဲ့သို့ သဘာဝပိုးသတ်ဆေး ဖျန်းပေးခြင်းများ ပြုလုပ်ရပါမယ်။ ပိုးမွှားကျရောက်မှု များပြားပါကစိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် အဆီတာမီပရစ် (Acetamiprid) ကဲ့သို့ ပင်လုံးပြန့် ဓာတုပိုးသတ်ဆေးများကို အသုံးပြုနိုင်ပြီး၊ ပိုးမွှားများ ဆေးယဉ်ပါးမှု မဖြစ်စေရန်အတွက် ဆေးအမျိုးအစားများကို တစ်လှည့်စီ အလှည့်ကျ ပြောင်းလဲပက်ဖျန်း သုံးစွဲလေ့ရှိတယ်။ ထို့ပြင် အပင်ပြန်လည် နာလန်ထူစေရန် အနည်းလိုအဟာရပါအရွက်ဖျန်းအားဆေးကိုပါ ဖျက်ပိုး နိုင်ပြီးနောက် အသုံးပြုသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။