အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,525
လွန်ခဲ့သော ၁ နာရီ က · ချောက်

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်လို့ထည့်လို့ရလားဆရာ အခုဆေးတွေဖျန်းလို့ရလားဆရာ အဲ့ပထမပုံကအသီးတွေက ရှုံ့တွန့်ပီးမှည့်ကုန်လို့ဆရာ အရင် ရှေ့ 10 ရက်လောက် ဂရမ်းဖျန်းထားတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 371,973 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်သီးများ မညီမညာ အဝါရောင်ပြောင်းလဲခြင်းသည် ရောဂါကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ဖြစ်သည့် အသီးပုခုံးဝါခြင်း ပြဿနာ ဖြစ်ပါတယ်။ ဤသို့ဖြစ်ရခြင်းမှာ အသီးရင့်မှည့်ချိန်တွင် ရေသွင်းမှုမမှန်ဘဲ ပြတ်လတ်သွားခြင်း၊ အပူချိန် အလွန်မြင့်မားခြင်းနှင့် ပိုတက်စီယမ် (K) ဓာတ် ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်တာပါ။ ကာကွယ်ရန်အတွက် မြေဆီလွှာအစိုဓာတ်ကို တစ်သမတ်တည်းဖြစ်အောင် ဂရုစိုက်ပြီး ရေမှန်မှန်သွင်းပေးရန် လိုအပ်သလို၊ အသီးတင်ချိန်တွင် ပိုတက်စီယမ်ဓာတ် ပါဝင်သော မြေသြဇာ/ရွက်ဖျန်းဆေးကို ဖြည့်တင်းကျွေးပေးရပါမယ်။မင်းသား၊ ရှယ်ပီကေ နှင့် အမိုင်နိုအက်စစ် ရွက်ဖျန်းဆေး ၃ မျိုးလုံးကို တစ်ပြိုင်နက်တည်း ရောစပ်ပြီး မပက်ဖျန်းသင့်ပါဘူး။ မင်းသားဆေးတွင် ပါဝင်သော ကယ်လ်ဆီယမ် (CaO 32.5%) နှင့် ရှယ်ပီကေတွင် ပါဝင်သော ဖော့စ်ဖရပ်စ် (P 39%) ဓာတ်တို့သည် ဆေးဖျန်းပုံးထဲတွင် တိုက်ရိုက်ဆုံမိပါက ဓာတ်ပြုပြီး အနယ်ကျခဲသွားတတ်သောကြောင့် ပါ။ ထို့ကြောင့် အပင်အတွက် ဆေးအာနိသင် မထိရောက်တော့ဘဲ ဆေးဖျန်းခေါင်းများ ပိတ်ဆို့ပျက်စီးနိုင်တယ်။ အကောင်းဆုံးနည်းလမ်းမှာ ရှယ်ပီကေနှင့် အမိုင်နိုအက်စစ် ကို အတွဲ (၁) အဖြစ် ရောစပ်ဖျန်းပြီး၊ မင်းသားအားဆေး ကိုမူ အတွဲ (၂) အဖြစ် သီးသန့်ခွဲ၍ (၃ ရက်မှ ၅ ရက်ခန့်ခြားပြီး) စနစ်တကျ ခွဲခြားပက်ဖျန်းရပါမယ်။အမိုင်နိုနှင့် မင်းသားဖျန်းဖျန်း၊ အမိုင်နိုနှင့် ရှယ်ပီကေ ဖျန်းဖျန်း ဖျန်းလို့ရပါတယ်၊ မင်းသားနှင့် ရှယ်ပီကေသာရောစပ်လို့မရတာပါ။

U Yan
U Yan 10,525 လွန်ခဲ့သော ၄၁ မိနစ် က

ဟုတ်ကျေးဇူးပါဗျ

You

ဆက်စပ်မေးခွန်းများ

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမ...

ဖြေကြားချက် 2 ခု

ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့...

ဖြေကြားချက် 2 ခု

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြော...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ ဒီလိုအရွက်ပြောက်လေးတွေဖြစ်လာလို့ဘယ်ဆေးတွေအထိရောက်ဆုံးဖြစ်မလည်းခင်ဗျလက်ရှိ ကော့ပါးကာဇူကာမိုင်စင်ဖြန်း...

ဖြေကြားချက် 2 ခု

ပျိုးပင်လေးတေခါးရိပြီးလဲနေလို့ဘယ်လိုလုပ်ရင့အဆင်နိုင်လဲဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။