အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thiha
Thiha 157
လွန်ခဲ့သော ၁ နာရီ က

မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်

အပင်အာဟာရ မတ်ပဲ

ဖြေကြားချက် ၄ ခု

Thiha
Thiha 157 လွန်ခဲ့သော ၂၂ မိနစ် က

@သော်ဇင် ကျေးဇူးပါ ခင်မျ

Thiha
Thiha 157 လွန်ခဲ့သော ၂၂ မိနစ် က

@ဝေနိုင်ထွန်း သဘာဝမြေဩဇာ အရောင်းဆိုင်တစ်ချို့မှာ ရနိုင်ပါတယ် အချိန်ရရင် ကိုယ်တိုင်လုပ်လဲ ရပါတယ်

ဝေနိုင်ထွန်း
ဝေနိုင်ထွန်း 20 လွန်ခဲ့သော ၃၄ မိနစ် က

ငါးအမိုင်နိုအက်ဆစ်နဲ့လက်တစ်အက်ဆစ်က ဘယ်လိုပြောဝယ်ရမလဲ မသိဖူးခင်ဗျ

သော်ဇင်
သော်ဇင် 375,310 လွန်ခဲ့သော ၅၃ မိနစ် က

မတ်ပဲပင် သက်တမ်း ၁၅ ရက်မှ ၂၀ ရက်သား (အရွက်နုထွက်ချိန်) တွင် ငါးအမိုင်နိုအက်ဆစ်ကို စတင်ဖြန်းပေးသင့်ပြီး ပမာဏအနေဖြင့် ရေ ၂၀ လီတာ (ဆေးဖျန်းပုံးတစ်ပုံး) လျှင် ၃၀ စီစီမှ ၅၀ စီစီ နှုန်း ထည့်သွင်းရပါမယ်။ ဤအရွက်ဖျန်းအားဆေးကို LAB (လက်တစ်အက်ဆစ်ဘက်တီးရီးယား) နှင့် တွဲဖက်သုံးစွဲနိုင်ပြီး ၎င်းတို့တွဲသုံးခြင်းဖြင့် အာဟာရစုပ်ယူမှု ပိုမိုမြန်ဆန်ကာ အပင်ကိုယ်ခံအားကို တက်စေပါတယ်။ မြေခံတွင် သုံးစွဲထားသော ထရိုင်ကိုဒါးမားမှိုကောင်းများသည် မြေဆီလွှာထဲ၌ ရှိနေပြီး ယခုဖျန်းမည့်ဆေးများမှာ အရွက်ဖျန်းစနစ်ဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ထိခိုက်မှုမရှိဘဲ ပဲခင်းကို ရောဂါကင်းဝေးစေကာ အထွက်နှုန်း ပိုမိုတိုးတက်စေပါလိမ့်မယ်

You

ဆက်စပ်မေးခွန်းများ

မတ်ပဲကို အပင်ငယ်စဉ် ကျန်းမာရေးနဲ့ အပင်အမြစ် အားကောင်းစေဖို့ မျိုးစေ့လူးနယ်ဆေးကို ဘယ်ဟာသုံးသင့်ပါသလဲခင်ဗျ

ဖြေကြားချက် 1 ခု

ဒီလို အခင်းကို မတ်ပဲ ရေလိုက် ကျဲချင်လို့ ပေါင်းသက်ဆေး ထိုးပီ ကျဲရင် အဆင်ပြေနိုင်လား မြတ် မခုတ်ပဲ ပေါင်းသက်ဆေး...

ဖြေကြားချက် 2 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

ဖြေကြားချက် 2 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

ဖြေကြားချက် 1 ခု

မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိ...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။