ဖြေကြားချက် ၁ ခု
ဆာလ်ဖာ ၈၀% (Sulfur) ဆေးနှင့် အဆီအခြေခံသော EC ဖော်မြူလာဆေးများကို ရောစပ်ဖျန်းပါက ဓာတုဓာတ်ပြုမှု ဖြစ်ပွားပြီး မတ်ပဲပင် အရွက်များ လောင်ကျွမ်းခြင်း နှင့် အပင်နာခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် ယေဘုယျအားဖြင့် အတူတူရောမဖျန်းသင့်ပါဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်အထက်ရှိသော နေ့လယ်ဘက် နေပူပြင်းချိန်များတွင် အရွက်လောင်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။ ထို့ကြောင့် ဆေးဆိုင်က ပေးလိုက်သောဆေးများကို အသုံးမပြုမီ ရေခွက်အကြည်တစ်ခုထဲတွင် အနည်းငယ်စီထည့်ကာ အနယ်ထိုင်ခြင်း၊ ခဲသွားခြင်း ရှိမရှိ (Jar Test) အရင် စမ်းသပ်စပ်ကြည့်သင့်ပါတယ်။ ဆေးအရည်ပျော်မှု ပုံမှန်ဖြစ်ပါကလည်း ပဲခင်းထဲရှိ အပင်အနည်းငယ်တွင် ၄၈ နာရီခန့် အရင်စမ်းဖျန်းကြည့်ပါ။ အန္တရာယ် အကင်းဆုံး ဖြစ်စေရန်အတွက်ကတော့ ဆေးနှစ်မျိုးကို တစ်ပြိုင်နက်တည်း မရောဘဲ (၃) ရက်မှ (၅) ရက်ခန့် ခြားပြီး သီးခြားစီ ခွဲဖျန်းပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်ခင်ဗျာ၊ရောစပ်မဖျန်းဖို့ထပ်မံတိုက်တွန်းပါရစေခင်ဗျာ
ဆက်စပ်မေးခွန်းများ
အေဇိုတက်မှိုသတ်ဆေးဝယ်လာတာ ဒိတ်၆လလောက်သက်တမ်းကျော်နေလို့ဖျန်းလို့ရသေးလား အနိသေရှိသေးလားဖျန်းရင် မတ်ပဲကိုထိခိုက်...
ဖြေကြားချက် 1 ခု
Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား
ဖြေကြားချက် 3 ခု
မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်းေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ...
ဖြေကြားချက် 7 ခု
မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ
ဖြေကြားချက် 1 ခု
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့...
ဖြေကြားချက် 5 ခု