တောင်သူ ဦးကြီးတို့ခဗျ ကျွန်တော့်လယ်မှာကျရောက်နေပါတယ် ဘာရောဂါလဲဘာဆေးဖြန်းရမလဲ မျှဝေပေးပါအုံးဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၇၀ ရက်
ပုံပါလက္ခဏာများသည် စပါးရွက်ဖုံးခြောက်ရောဂါ (Rice Sheath Blight) ကျ နေတာပါ။ စပါးပင်ခြေတွင် မြွေပွေးကွက်ကဲ့သို့ ရေစိုနာကွက်များဖြစ်ပေါ်ပြီး အရွက်များခြောက်သွေ့စေကာ အထွက်နှုန်းကို ၅၀% ထိ လျော့ကျစေနိုင်ပါတယ်။ ကာကွယ်ရန် ယူရီးယားမြေဩဇာကျွေးခြင်းကို ခေတ္တရပ်နား၍ လယ်ကွင်းအတွင်း ရေကို ၃ ရက်မှ ၅ ရက်ခန့် ထုတ်ပစ်ပါ၊ ပိုတက်ရှ်မြေဩဇာ ကျွေးပေးပါ။ ရောဂါပြင်းထန်ပါက အဇိုဆီစထရိုဘင် (Azoxystrobin) ပရိုပီကိုနာဇိုးလ်(Propiconazole) ဟက်ဆာကိုနာဇိုးလ် (Hexaconazole) ထရိုင်ဖလိုဆီစထရိုဘင် + တီဗျူကိုနာဇိုးလ်(Trifloxystrobin + Tebuconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေအထိ နှံ့စပ်အောင် ပက်ဖျန်းနှိမ်နင်းရပါမယ်။ ဆေးဖျန်းသည့်အခါ ဆေးရည်သည် အပင်အောက်ခြေ ရေမျက်နှာပြင်အထက်ရှိ ရွက်ဖုံးများအထိ နှံ့စပ်အောင် သေချာဂရုစိုက် ပက်ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီးနောက် အရွက်သစ်များသိူ့ ဆက်လက်ကူးစက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပေးပါ။
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။