အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇေယျာစိုး
လွန်ခဲ့သော ၁၂ နာရီ က · သဲကုန်း

စပါးပင်တခင်းလုံးအလိုအစက်ပျောင်တွေဖစ်နေလို့ဘာဖစ်တာလဲ ဘယ်လိုကုရမလဲခင်ဗျာ

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 382,887 လွန်ခဲ့သော ၇ နာရီ က

ပုံပါ စပါးခင်းတွင် ဖြစ်ပွားနေသော ရောဂါမှာ စပါးရွက်ညိုပြောက်ရောဂါ (Rice Brown Spot) ဖြစ်ပြီး မှိုကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အရွက်များပေါ်တွင် နှမ်းစေ့အရွယ် အညိုရောင်အစက်အပြောက်များ ညီညာစွာ ပြန့်ကျဲနေတတ်ပြီး ပြင်းထန်ပါက အရွက်များ ခြောက်သွေ့သေဆုံးကာ စပါးအထွက်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ စပါးစေ့ခွံပေါ်တွင် အညိုရင့်ရောင်မှ အမည်းရောင်အစက်အပြောက်များ ဖြစ်ပေါ်စေပြီး စပါးစေ့အဖျင်းများခြင်းနှင့် ဆန်အဆန်မတည်ခြင်းတို့ကို ဖြစ်စေပါတယ်။ဤရောဂါသည် အပင်တွင် အာဟာရဓာတ် (အထူးသဖြင့် ပိုတက်စီယမ်ဓာတ်) ချို့တဲ့ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သောကြောင့် ဓာတုမှိုသတ်ဆေးများဖြစ်သည့် (Azoxystrobin) သို့မဟုတ် (Trifloxystrobin) (Difenoconazole) သို့မဟုတ်(Propiconazole) သို့မဟုတ်(Tebuconazole) ပါဝင်သော ဆေးတမျိုူမျိုးကို၇-၁၀ရက်ခြား၍ဖျန်းပက်အသုံးပြုပါ။စပါးရွက်ညိုပြောက်ရောဂါသည် အပင်အာဟာရဓာတ် ချို့တဲ့ခြင်း (အထူးသဖြင့် ပိုတက်စီယမ် ချို့တဲ့ခြင်း) နှင့် မြေဆီလွှာမကောင်းခြင်းတို့နှင့် တိုက်ရိုက်သက်ဆိုင်ပါတယ်။ထို့ကြောင့် ဆေးဖျန်းရုံတင်မကဘဲ အောက်ပါတို့ကိုပါ ပူးတွဲလုပ်ဆောင်ရပါမယ်။အထက်ကပါဝင်သောမှိုဆေးများကို ဖျန်းပက်နှိမ်နင်းရမည့်အပြင်၊ အပင်သန်မာစေရန် ပိုတက်ရှ် (Potash) မြေသြဇာကိုပါ စိုက်ခင်းအတွင်း အချိုးကျ ထည့်သွင်းပေးရန် လိုအပ်ပါတယ်။ နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာများကို အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဉ်ပြီး နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ်တို့ကို အချိုးညီညီ သုံးစွဲပါ။စိုက်ခင်းကို ရေပြတ်လပ်ပြီး ခြောက်သွေ့အက်ကွဲခြင်း မရှိစေရန်နှင့် ရေသွင်းရေထုတ် ကောင်းမွန်အောင် ဆောင်ရွက်ပေးပါ။ရောဂါရပင်ကြွင်းကျန်များနှင့် ပေါင်းမြက်များကို ရှင်းလင်းဖျက်ဆီးပစ်ပါ။ နောက်ရာသီတွင် အသုံးပြုမည့် မျိုးစေ့ကိုလည်း မျိုးစေ့လူးနယ်ဆေး သို့မဟုတ် ရောဂါကင်း မျိုးကောင်းမျိုးသန့်ဝယ်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။