အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးစောမောင်ဌေး
လွန်ခဲ့သော ၂ နာရီ က · ကျောင်းကုန်း

မတ်ပဲကျဲဖို့အတွက် လယ်တစ်ခွက်က အစိုဓာတ်နည်းနေပါတယ် ထိုလယ်အတွက် မတ်ပဲမျိုးကို ရေတစ်ညလောက်စိမ်ပြီး ပတ်လို့ရပါသလား ဒါမှမဟုတ် ကျဲပြီးမှ ရေတင်သင့်ပါသလား ကျေးဇူးပြုပြီဖြေကြားပေးပါဦး ဆရာခင်ဗျ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၈ ခု

သော်ဇင်
သော်ဇင် 408,488 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

@ဦးစောမောင်ဌေး စပါးရိုးပြတ်နှင့် ကောက်ရိုးရှိပြီး အစိုဓာတ်နည်းနေသောကြောင့် မတ်ပဲမျိုးစေ့ကိုရေတစ်ည (၈-၁၂ နာရီ) စိမ်၊ ထို့နောက် အရိပ်ထဲတွင် မိနစ် ၃၀ ခန့် အပေါ်ယံခြောက်အောင် ပြန်နှပ်ပြီးမှ ကျဲပတ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကောက်ရိုးဖုံးရှိနေခြင်းက ရေစိမ်ထားသော မျိုးစေ့မှ ထွက်လာမည့် အစိုဓာတ်ကို ကောင်းစွာထိန်းပေးနိုင်သဖြင့် အပင်ပေါက် ညီညာစုံလင်စေမှာပါ။ သို့သော် မျိုးစေ့ကျဲပြီးမှ လယ်ထဲသို့ ရေတင်ခြင်းကို လုံးဝမပြုလုပ်သင့်ပါဘူး၊ အဘယ်ကြောင့်ဆိုသော် မတ်ပဲသည် ရေဝပ်ခြင်းကို လုံးဝမခံနိုင်ဘဲ မျိုးစေ့များ ပုပ်ကာ မြေမျက်နှာပြင် ကျပ်သွားနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 595 လွန်ခဲ့သော ၁ နာရီ က

အထူးကျေးဇူးတင်ပါသည်ဆရာတို့ခင်ဗျ

သော်ဇင်
သော်ဇင် 408,488 လွန်ခဲ့သော ၁ နာရီ က

@ဦးစောမောင်ဌေး အချိန်မရပါက ရေစိမ်ပြီးနောက် ပြန်မခြောက်ဘဲ တန်းကျဲပတ်လို့ ရပါတယ်။ သို့သော် အဓိကသတိထားရမှာက ရေစိမ်ပြီးပြီးချင်း မတ်ပဲစေ့တွေကို ရေစစ်ခွက် သို့မဟုတ် ဆန်ခါထဲထည့်ပြီး ရေပြတ်အောင် (စိုရွှဲမနေအောင်) သေချာစစ်ထုတ်ဖို့ လိုအပ်ပါတယ်။ ရေစိုရွှဲကြီးအတိုင်း ကျဲမိရင် မတ်ပဲစေ့တွေ လက်မှာကပ်နေပြီး ကျဲရခက်ခြင်း၊ မျိုးစေ့ချင်း ပူးကပ်သွားခြင်းနှင့် မျိုးစေ့ကျဲပတ်မှု မညီမညာဖြစ်ခြင်းတို့ ကြုံရနိုင်ပါတယ်။ ထို့ပြင် မြေပြင်က အစိုဓာတ်နည်းနေတာကြောင့် ကောက်ရိုးဖုံးစနစ်နဲ့ ရေလိုက်ခုတ်တာကို ကျဲပြီးတာနဲ့ ချက်ချင်းအမြန်ဆုံး လုပ်ဆောင်ပေးရပါမယ်။

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 595 လွန်ခဲ့သော ၁ နာရီ က

မိနစ်30ပြန်ခြောက်အောင်မလုပ်ရင်ရောအဆင်ပြေပါ့မလား အချိန်မရလို့ပါ

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 595 လွန်ခဲ့သော ၁ နာရီ က

တစ်ညစိမ်ရင် အဆင်ပြေနိုင်မလားဗျ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 326,330 လွန်ခဲ့သော ၁ နာရီ က

ဟုတ် ဒါဆိုရင်တော့ မတ်ပဲကို ရေစိမ်ပြီး ကြဲတာ ပိုပြီးသင့်တော်ပါတယ်ဗျ။ ကြဲပြီးမှ ရေလိုက်မယ်ဆိုရင် အပင်ပေါက်တွေမှာ ခါးရိကျနိုင်ခြေများသွားလိမ့်မယ်။

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 595 လွန်ခဲ့သော ၁ နာရီ က

ရေလိုက်ခုတ်ဖံး စပါးရိုးပျက်တေထဲမှာပါကောက်ရိုးလည်းရှိပါတယ်

Thein Soe Min
Thein Soe Min အတည်ပြုပြီး 326,330 လွန်ခဲ့သော ၁ နာရီ က

ရေကျနောက်လိုက်စိုက်မှာလား ထယ်ရေးရထားပြီးသားအကွက်လားဗျ? ကြဲပြီးမှ ရေတင်တာတော့ မကောင်းပါဘူးဗျ။ အပင်စပေါက်ကာစနုနည်သေးတဲ့အချိန်မှာ အစိုဓာတ်မြင့်နေတာက မှိုရောဂါကို ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ မတ်ပဲကို ရေစိတ်ကြဲပြီး အစိုဓာတ်အပျံ့သွားအောင် ကောက်ရိုးဖုံးထားပေးနိုင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။