အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Thura
Aung Thura 4
လွန်ခဲ့သော ၂ နာရီ က · ရေကြည်

ဘာရောဂါလဲသိချင်ပါတယ် ဘာတေလိုအပ်မလဲ

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 410,229 လွန်ခဲ့သော ၁၃ မိနစ် က

@Aung Thura Copper oxychloride, Kasugamycin, Bismerthiazole, ဆေး တစ်မျိူးမျိုးတော့သီးသန့် တစ်ကြိမ်ဖျန်းပေးစေချင်ပါတယ်၊ ရေကြည်မြို့နယ်ကဆိုတော့ ဘက်တီးရီးယားရွက်ခြောက်ရောဂါကျနိုင်ခြေများလို့ပါ၊ ပိုတက်ရှ်ချို့တဲ့ထားတော့ ဘက်တီးရီးယားရောဂါပါနောက်ဆိုကျလာနိုင်ခြေများလို့ပါ

သော်ဇင်
သော်ဇင် 410,229 လွန်ခဲ့သော ၄၉ မိနစ် က

@Aung Thura ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 410,229 လွန်ခဲ့သော ၅၁ မိနစ် က

@Aung Thura ပုံပါလက္ခဏာများအရစပါးပင် ပိုတက်စီယမ် (Potassium - K) အဟာရဓာတ် ချို့တဲ့ခြင်း ဖြစ်ပါတယ်။ စပါးခင်းများတွင် ယူရီးယား (ပုလဲ) မြေဩဇာကို လွန်ကဲစွာ သုံးစွဲပြီး ပိုတက်ရှ် မြေဩဇာ ထည့်သွင်းမှု နည်းပါးပါက ဤကဲ့သို့ အာဟာရချို့တဲ့မှု လက္ခဏာများ အဖြစ်များတတ်ပါတယ်။စပါးပင်များတွင် ပိုတက်စီယမ် (ပိုတက်ရှ်) ဓာတ် ချို့တဲ့ပါက အရွက်ဟောင်းများ၏ ထိပ်ဖျားနှင့် အနားသတ်များမှစ၍ အဝါရောင်၊ အညိုရောင်ပြောင်းကာ ခြောက်သွေ့လာတတ်ပြီး၊ ယူရီးယား (ပုလဲ) မြေဩဇာ လွန်ကဲစွာသုံးစွဲခြင်းကြောင့် အဖြစ်များပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ပိုတက်ရှ်မြေဩဇာ (MOP) ကို မြေခံ သို့မဟုတ် အပင်ပွားချိန်တွင် အမြန်ဆုံး ကျွေးရမည်ဖြစ်ပြီး၊ အာဟာရဓာတ် လျင်မြန်စွာ ရောက်ရှိစေရန် ပိုတက်စီယမ်ပါဝင်မှု မြင့်မားသော ရွက်ဖျန်းမြေဩဇာများကို ပက်ဖျန်းပေးသင့်ပါတယ်။ ရေရှည်တွင် မြေဆီလွှာတိုးတက်ကောင်းမွန်စေရန် ရိတ်သိမ်းပြီး ကောက်ရိုးများကို မီးမရှို့ဘဲ လယ်ထဲ၌ ပြန်လည် ထည့်သွင်းမြှုပ်နှံပေးရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။