GW11ကျဲခင်းအထွက်ကောင်းအောင်ဘယ်ရက်တွေမှာဘယ်အစာတွေကျွေးရမလဲဆရာ။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
@U Win Zaw GW11 စပါးအမျိုးအစားသည် သက်တမ်း (၁၁၀-၁၁၅) ရက်ရှိ အထွက်ကောင်းစပါးမျိုးဖြစ်ပြီး ယခုကဲ့သို့ အပင်သက်တမ်း (၁၅) ရက်သားအရွယ်သည် ပင်ပွားထွက်အားကောင်းစေရန် အစာကျွေးရမည့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ မြေခံမှာဘာမြေဩဇာမှ မထည့်ခဲ့ဘူးလို့ထင်ပါတယ်၊သို့ဖြစ်ရာ လက်ရှိအချိန်တွင် တစ်ဧကလျှင် ယူရီးယား (ပုလဲ) မြေဩဇာ အိတ်ဝက်နှင့် ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာ အိတ်ဝက်တို့ကို ရောစပ်၍ လယ်ကွက်အတွင်း ရေစပ်စပ်ဖြင့် ညီညာစွာ ကြဲပက်ပေးရပါမယ်။ ထို့နောက် သက်တမ်း (၃၅-၄၀) ရက် ပင်ပွားအများဆုံးအချိန်တွင် ဒုတိယအကြိမ်အဖြစ် ပုလဲအနည်းငယ် နှင့် ကွန်ပေါင်းမြေဩဇာကိုလည်းကောင်း၊ သက်တမ်း (၆၅-၇၀) ရက် အနှံသန္ဓေတည်ချိန်တွင် တတိယအကြိမ်အဖြစ် ပုလဲအနည်းငယ်နှင့် ပိုတက်ရှ်မြေဩဇာကိုလည်းကောင်း ဆက်လက်ကျွေးပေးခြင်းဖြင့် အထွက်နှုန်းကို အကောင်းဆုံး မြှင့်တင်နိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံထဲက အဖြူလေးတွေက ပိုးဥ လေးတွေလားဗျ ဘာပိုးသတ်ဆေးဖြန်းသင့်ပါသလဲ
ဖြေကြားချက် 12 ခု
အပင်အောက်ခြေတွင်ပုက်နေပြီးအရွက်များခြောက်နေပါသည် ဘာဆေးများအသုံးပြုရမလဲဆရာ
ဖြေကြားချက် 4 ခု
နွေစပါးအတွက် သုံးစွဲရမည့် ရက် သိချင်
ဖြေကြားချက် 1 ခု
အခြောက့်ကျဲးစပါးခင်မှာ ဆိုပင်ပွါးချိန်လောက်ပဲပုလဲးကြွေးလို့ရတယ်ဆနှံထွက်ချိန်မှာရေမလုံလောက့်ဘူးမိုးရေပဲးရတယ်...
ဖြေကြားချက် 3 ခု
စပါးစိုက်ခင်းဘယ်နရက်သားဆိုအစာစကြွေးလို့ရပြီလဲဆရာ။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။