ဘာ စပါး မျိုးလဲ ဗျ သူများတွေ ရွှေသွယ်ရင် လို့ ပြောနေကြတယ် အသက်ရက်က ၉၀ ပါ
@moe ပုံပါစပါးမျိုးသည် "ရွှေသွယ်ရင်" (အထွက်ကောင်းသက်လျင်စပါးမျိုး) ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ရွှေသွယ်ရင်သည် ပျိုးထောင်ရက်မပါဘဲ သက်တမ်း ၁၀၅ ရက် ဝန်းကျင် (တိုက်ရိုက်အစေ့ချလျှင် ရက် ၉၀ ကျော်) သာ ရှိသဖြင့် တောင်သူများအကြား ရက် ၉၀ စပါးဟု လူသိများခြင်းကြောင့် ဖြစ်ပါတယ်။ ထို့ပြင် ပုံထဲတွင် မြင်တွေ့ရသော စပါးစေ့နှင့် ဆန်စေ့များ၏ ပုံသဏ္ဌာန်သည်လည်း အဖျားသွယ်ပြီး လုံးရှည်သော ဧည့်မထအုပ်စုဝင် ရွှေသွယ်ရင်စပါးစေ့ ပုံစံအတိုင်း ကိုက်ညီမှု ရှိနေပါတယ်။ ၎င်းသည် ရေရရှိမှု နည်းပါးသော ဒေသများနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရန်အတွက် အထူးသင့်လျော်သော သက်လျင် အထွက်ကောင်းမျိုး ဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးအပွင့်ပွင့်ချိန် ပိုးသတ်ဆေးဖြန်းလို့ရလား ဖြေပေးကြပါဦး
ဖြေကြားချက် 2 ခု
ဆရာတို့ မဂ်လာပါ ပေါ်ဆန်းစပါးရက်၉၀ကျော်ပါပီ အဖုံးလုံးခါနီး ဗိုက်ဖောင်းနေပါပီ ဘာမြေဆီ ကျွေးလို့ရလဲခင်ဗျ သုံး...
ဖြေကြားချက် 2 ခု
ဧရာဝတီစပါးပါဘယ်ရက်မှာအဖုံးအားပေးမြေဆီကျွေးသင့်ပါလဲးဆရာတိုရေ
ဖြေကြားချက် 2 ခု
ရက်၉၀စပါး၂.၅ဧကအတွက် ၁၅ရက်သားဖြစ်သွားရင်မြေသြဇာ ယူးရီးယား၂၅kgအိပ်ဝက်နဲ့ပုလဲ၁၅ပတ်လည်၅၀kgတစ်အိပ်ကြွေးပီး ရက်၃၅ရက်...
ဖြေကြားချက် 4 ခု
ဘာရောဂါလဲသိချင်ပါတယ် ဘာတေလိုအပ်မလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။